May 25, 2026 | မြန်မာ
Astronomy & Space

ပုံထဲမှာ နိုင်ငံတကာအာကာသစခန်းကြီးကို မြင်ကြရဲ့လား။ ?

🔬 Astronomy & Space 📅 May 18, 2023 👤 Fact Hub Editorial

ပတ်လမ်းအနေအထားနဲ့ ပတ်လမ်းအလျင်အရ ISS ဟာ ကမ္ဘာကို တစ်ရက် ၁၆ ကြိမ် လှည့်ပတ်နေရင်း ကမ္ဘာနဲ့ နေရဲ့အကြားကို ၀.၇ စက္ကန့်က‌နေ ၃ စက္ကန့်အကြား ဖြတ်သန်းသွားလေ့ရှိပါတယ်။

ဒီလိုအရမ်းတိုတောင်းတဲ့ အချိန်ပမာဏအတွင်း နေနဲ့ကမ္ဘာကြားရောက်သွားတဲ့ ISS ကို ဓါတ်ပုံရိုက်ယူရမယ်ဆိုတာ အပျော်တမ်းနက္ခတ်လေ့လာသူတွေအတွက် အတော်ကိုစိန်ခေါ်မှုကြီးပါတယ်။

ဓါတ်ပုံဆရာ အင်ဒရူးမက္ကာသီ (Andrew McCarthy) အနေနဲ့ တယ်လီစကုပ် ၃ ခု၊ အချိန် ၁၂ နာရီကြာ အားထုတ်မှုနဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကိုပေါင်းစပ်ပြီး ဒီပုံ တွေကိုရိုက်ကူးနိုင်ခဲ့တာပါ။

နေကိုပတ်နေတဲ့ အာကာသယာဉ်တစ်စင်း (ဥပမာ – ပါကားအာကာသယာဉ်) လို့ မထင်ကြပါနဲ့။ ဘယ်လောက်ပဲကြီးမားတဲ့ အာကာသယာဉ်ဖြစ်နေပါစေ၊ နေလိုအရွယ်အစားကြီးတဲ့အရာဝတ္ထုရဲ့အနားမှာ ပုစိညောက်တောက်အဖြစ်ပဲမြင်ရပြီး ဓါတ်ပုံရိုက်ကူးလို့မရနိုင်ပါဘူး။ ဒါကြောင့် ယုတ္တိကျကျတွေးကြည့်ရင် ဒီပုံရိပ်က နိုင်ငံတကာအာကာသစခန်းပဲ ဖြစ်နိုင်မှာပါ။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.