May 10, 2026 | မြန်မာ
Chemistry

ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွပါတယ်။

🔬 Chemistry 📅 September 12, 2023 👤 Fact Hub Editorial

ရုတ်တရက်ဖတ်ကြည့်ရင်တော့ နည်းနည်းထူးဆန်းနိုင်ပေမဲ့ ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွနိုင်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်ဓာတ် တော်တော်များများ ပါဝင်ပါတယ်။ အဲ့ဒီထဲမှာ ပိုတက်စီယမ်ထဲက ရေဒီသတ္တိကြွ အိုင်ဆိုတုပ် ပိုတက်စီယမ်-၄၀ က ပမာဏနည်းနည်းပါဝင်ပါတယ်။ ပိုတက်စီယမ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက တစ်ခုအပါအဝင်ပါ။ သဘာဝအတိုင်း တည်ရှိနေတဲ့ ပိုတက်စီယမ်ဒြပ်စင်တွေထဲက ၀.၀၀၁ ရာခိုင်နှုန်းက ပိုတက်စီယမ်-၄၀ အိုင်ဆိုတုပ်တွေ ဖြစ်ပါတယ်။ အဲ့ဒီ ဒြပ်စင်တွေ Radioactive deacy (ရေဒီယိုသတ္တိကြွဒြပ်စင် ယိုယွင်းပျက်စီး – တိုက်ရိုက်ပြန်ဆိုမှု) ဖြစ်တဲ့ အခြေအနေကို ရောက်သွားရင်တော့ အင်မတန်နည်းပါးတဲ့ Beta အဆင့် အမှုန်လေးတွေရဲ့ Gamma ရောင်ခြည်တချို့ ဖြာထွက်စေပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးထဲက ဒီရေဒီယိုသတ္တိကြွတဲ့ ဖြစ်စဉ်က ပမာဏအားဖြင့် အလွန်နည်းပါးတာကြောင့် လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေမရှိပါဘူး။

ကျွန်တော်တို့ နေ့စဉ်ဘဝမှာလဲ ကိုယ်စားတဲ့ အစာ၊ ရှုတဲ့လေနဲ့ လျှောက်တဲ့မြေတေွကနေ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည် ပမာဏ နည်းနည်းလေးကို တွေ့ကြုံခံစားရပါတယ်။ ငှက်ပျောသီးမှာရှိတဲ့ ရေဒီယိုသတ္တိကြွမှုကတော့ နေကလာတဲ့ အလင်းရောင်ခြည်တွေ၊ Cosmic ရောင်ခြည်တွေနဲ့ အခြား ပိုတက်စီယမ် ပါဝင်မှုများတဲ့ အစားအစာတွေကနေလဲ ရနိုင်ပါတယ်။

ဒီအကြောင်းအရာက ယုံကြည်ရနိုင်မှုရှိရဲ့လား။ အချက်အလက်ရယူခဲ့တဲ့နေရာတွေကို Citation ပြန်လည် ဖော်ပြပေးထားပါတယ်။

 

 

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.