May 20, 2026 | မြန်မာ
Sustainability

သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်အရ ဆာဟာရသဲကန္တာတစ်ခုလုံးရဲ့ ၁.၂ ရာခိုင်နှုန်းခန့်အကျယ်ကိုသာ ဆိုလာပြား …..

🔬 Sustainability 📅 May 7, 2023 👤 Fact Hub Editorial

သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်အရ ဆာဟာရသဲကန္တာတစ်ခုလုံးရဲ့ ၁.၂ ရာခိုင်နှုန်းခန့်အကျယ်ကိုသာ ဆိုလာပြားတွေဖုံးထားပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မယ်ဆိုရင် ကမ္ဘာပေါ်က စွမ်းအင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်တဲ့အထိ လုံလောက်မှုရှိနိုင်ပါတယ်။

စုစုပေါင်းကမ္ဘာ့စွမ်းအင်အသုံးပြုမှု (ကျောက်မီးသွေး+ ရေနံ + ရေအားလျှပ်စစ် + နျူကလီးယား + ပြည့်ဖြိုးမြဲစွမ်းအင်) အားလုံးဟာ 13,000 Million Ton Oil Equivalent (13,000 MTOE) ရှိပါတယ်။ အဲ့တာဟာ တစ်နှစ်တာအတွင်း စဉ်ဆက်မပြတ်စွမ်းအင်ရရှိ‌နိုင်ဖို့အတွက် 17.3 Terawatts ခန့်လိုအပ်တယ်လို့ တစ်နည်း သတ်မှတ်နိုင်ပါတယ်။

အာဖရိကအတွင်းမှာရှိတဲ့ ဆာဟာရသဲကန္တာရကြီးဟာ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၃.၆ သန်းခန့် ကျယ်ဝန်းပါတယ်။ အဲ့ဒီအကျယ်အဝန်းရဲ့ ၁.၂ ရာခိုင်နှုန်းခန့် ၃၃၅ ကီလိုမီတာလောက်ကိုသာ ဆိုလာပြားတွေနဲ့ ဖုံးလွှမ်းထားပြီး အဲ့ဒီကတဆင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မယ်ဆိုရင် တစ်ကမ္ဘာလုံးအတွက် စွမ်းအင်လိုအပ်ချက်ဖြစ်တဲ့ 17.3 Terawatts လောက်ကို အလွယ်တကူရနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ (တစ်နေ့မှာ နာရီပေါင်း ၁၂ နာရီခန့်ကို ဆိုလာတွေကတဆင့် စွမ်းအင်ထုတ်ပေးနိုင်ပါတယ်။)

ဆိုလိုတာကတော့ ဆာဟာရသဲကန္တာရရဲ့ ၁.၂ ရာခိုင်နှုန်းခန့်အကျယ်လောက်ကနေ ရရှိမယ့် နေရောင်ခြည်စွမ်းအင်နဲ့ ကမ္ဘာပေါ်က စွမ်းအင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ‌ကျောက်မီးသွေးတို့၊ ရေနံတို့၊ လေစွမ်းအင်သုံးတာဘိုင်ဒလက်တွေ ဒါမှမဟုတ် ဘူမိနဲ့ပတ်သက်နေတဲ့ အပူစွမ်းအင်တို့၊ နျူးကလီးယားတို့လိုမျိုး စွမ်းအင်တွေကနေတောင်မှ အခုလိုမျိုးစွမ်းအင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါဘူး။ ဒီပရောဂျက်က ဒေါ်လာ ၅ ထရီလျံလောက်ထိကုန်ကျနိုင်ချေရှိမှာဖြစ်ပြီး စီးပွားရေးအရဆိုရင် တစ်ကြိမ်တည်းသာ ကုန်ကျမှာဖြစ်ပြီး ယနေ့ခေတ် ငွေကြေးအခြေအနေအရပြောရမယ်ဆိုရင် ဘာမှမဟုတ်တဲ့ ငွေပမာဏပါ။ ဒီငွေပမာဏဟာ ပြီးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်း ကာလတုန်းက အိုဘားမားရဲ့ ဘဏ်တွေကနေ ပေးဆောင်ခဲ့တဲ့ အာမခံငွေပမာဏထက်‌တောင် နည်းနေပါသေးတယ်။ ပိုပြီးအလွယ်ပြောရမယ်ဆိုရင် ဒီကုန်ကျစရိတ်ဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ နိုင်ငံလုံးဆိုင်ရာအကြွေးတွေအားလုံးရဲ့ လေးပုံတစ်ပုံစာလောက်ပဲရှိတဲ့အပြင် ကမ္ဘာ့တစ်နှစ် GDP ရဲ့ 10% စာနဲ့ ညီမျှပါတယ်။ Fact Hub အနေနဲ့ အဲ့ဒီငွေပမာဏကုန်ကျနိုင်ချေနဲ့ပတ်သက်လို့ အချက်အလက်စစ်ဆေးနိုင်ခြင်းမရှိပါဘူး။ ပညာရှင်တွေက ခန့်မှန်းပြောဆိုတာကို ရင်းမြစ်ယူပြီး ဖော်ပြထားတာဖြစ်လို့ အတိအကျမှန်ကန်နိုင်ဖို့ အာမခံနိုင်ခြင်းမရှိပါဘူး။

အဲ့တာကြောင့် ဒီလောက်ကုန်ကျစရိတ်လေးဟာ ကမ္ဘာပေါ်က အခြားကုန်ကျစရိတ်တွေထက်စာရင်တော့ အင်မတန်မှ နည်းပါးတယ်လို့ဆိုနိုင်ပါတယ်။ အခြားစွမ်းအင်ထုတ်လုပ်မှုပုံစံတွေက တဖြည်းဖြည်းကွယ်ပျောက်လာနိုင်ချေရှိပြီး နောင်အနှစ်နှစ်ဆယ်လောက်ကနေ သုံးဆယ်လောက်အတွင်းမှာပဲ နေရောင်ခြည်စွမ်းအင်ဟာ အရာအားလုံးကို အစားထိုးနိုင်လာပါလိမ့်မယ်လို့ ပညာရှင်တစ်ဦးက ဆိုပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့အခုချိန်ထိ ဆာဟာရသဲကန္တာရတစ်ခုလုံးကို ဆိုလာပြားတွေနဲ့ဖုံးလွှမ်းပြီး စွမ်းအင်မထုတ်နိုင်သေးတာလဲဆိုတာကိုတော့ နောက်ထပ်ဆောင်းပါးအနေနဲ့ ဖော်ပြပေးဖို့ ရှိပါမယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.