၁၉၆၈ ခုနှစ်မှာ EI Salvador နိုင်ငံဟာ Honduras နိုင်ငံကို ဘောလုံးပွဲတစ်ပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် စစ်ပွဲဆင်နွှဲခဲ့ဖူးပါတယ်။
The Football War လို့သမုတ်ကြတဲ့ အဆိုပါ စစ်ပွဲဟာ၁၉၆၉ ခုနှစ်မှာ El Salvador နဲ့ Honduras တို့ကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲတိုလေးတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံကြားမှာရှိတဲ့တင်းမာမှုတွေဟာ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက ပဋိပက္ခတွေနဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။ အဲ့ဒီ ပဋိပက္ခတွေကို ခေါင်းစဉ်တပ်ပြီး Salvadoran စစ်တပ်ဟာ Honduras ကို ၁၉၅၉ ခုနှစ်၊ ဇူလိုင် ၁၄ မှာ စတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံစစ်ဖြစ်ခဲ့ကြပါတယ်။ The Organization of American States (OAS) ဟာ ဇူလိုင်လ ၁၈ ရက်နေ့ညမှာ အပစ်အခတ်ရပ်စဲဖို့ ညှိုနှိုင်းခဲ့ပြီး အဲ့တာကြောင့်ပဲ နာရီ ၁၀၀ အကြာရှိတဲ့စစ်ပွဲဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ အပြည့်အဝအသက်ဝင်လာခဲ့ပါပြီ။ Salvadoran ရဲ့တပ်ဖွဲ့တွေကလည်း August လအစောပိုင်းမှာပဲ ဆုတ်ခွာခဲ့ပါတော့တယ်။
ဇူလိုင်လ (၁၈) ရက်နေ့ညမှာ The Organization of American States (OAS) ဟာ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲဖို့ ညှိနှိုင်းခဲ့တာကြောင့် နာရီ ၁၀၀ ကြာမြင့်တဲ့ အဆိုပါ စစ်ပွဲလေးဟာ ဇူလိုင်လ (၂၀) ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။ Salvadoran ရဲ့တပ်ဖွဲ့တွေကလည်း ဩဂုတ်လအစောပိုင်းမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် စစ်ပွဲကိုအပြီးသတ်ခဲ့ပါတယ်။
ဘောလုံးပွဲတစ်ပွဲနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုကို အကြောင်းပြပြီး ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဖြစ်တဲ့အတွက်ကြောင့်သာ “Football War” လို့ နာမည်ပြောင်ပေးခဲ့ရပေမဲ့ နောက်ကွယ်မှာတော့ စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဒီထက်ပိုပြီး နက်နဲစွာရှိနေပါတယ်။ မူလအစကတော့ Honduras ရဲ့ မြေယာပြုပြင်ပြောင်းလဲရေးကိစ္စတွေနဲ့ El Salvador ရဲ့ ပြည်တွင်းလာရောက်နေထိုင်ရေးနဲ့ လူဦးရေဆိုင်ရာကိစ္စတွေကနေ စခဲ့တာပါ။ Honduras နိုင်ငံရဲ့ လူဦးရေဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ El Salvador မှာ ရှိတဲ့လူဦးရေထက် (၅)ဆမက ပ်ိုများပါတယ်။ ဒါပေမဲ့ ၁၉၆၉ မှာတော့ El Salvador မှာရှိတဲ့ လူဦးရေ (၃.၇) သန်းဟာ Honduras မှာရှိတဲ့ လူဦးရေ (၂.၆သန်း) ထက်၄၀% ပိုများလာခဲ့ပါတယ်။
၂၀ ရာစုအစပိုင်းမှာ Salvador နိုင်ငံသား အများအပြားဟာ Honduras နိုင်ငံဆီ ပြောင်းရွှေ့နေထိုင်လာကြတာပါ။ ၁၉၆၉ခုနှစ်မှာဆိုရင် Salvadorans (၃) သိန်းကျော်တောင် Honduras မှာ ပြောင်းရွေ့နေထိုင်ခဲ့ကြတာပါ။ ရွှေ့ပြောင်းနေထိုင်ခဲ့ကြတဲ့ Salvadorans တွေက လက်ရှိ Honduras လူဦးရေရဲ့ ၂၀% ရှိပါတယ်။
Honduras မှာဆိုရင် အခြား Central America နိုင်ငံတွေလိုမျိုး မြေအများစုကို မြေပိုင်ရှင်ကြီးတွေ ဒါမှမဟုတ် Corporation လုပ်ငန်းကြီးတွေက ပိုင်ဆိုင်ကြပါတယ်။ The United Fruit ဆိုတဲ့ကုမ္ပဏီကြီးက မြေအားလုံးရဲ့ ၁၀% ကို ပိုင်ဆိုင်တာကြောင့် သာမန်မြေပိုင်ရှင်တွေအနေနဲ့ အဲ့ဒီ့ကုမ္ပဏီကို ပြိုင်ဆိုင်ဖို့အတော်ခက်ခဲတာပါ။ ၁၉၆၆ ခုနှစ်မှာတော့ United Fruit က Honduras နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနဲ့မွေးမြူရေး-လယ်သမားများအဖွဲ့ချုပ်(FENAGH; the National Federation of Farmers and Livestock-Farmers of Honduras) ကို ထူထောင်ဖို့ အခြားကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ FENAGH ဆိုတာကဝောာ့ တောင်သူလယ်သမားဆန့်ကျင်ရေး (Campesino နှင့် ဆန့်ကျင်ဘက်) နဲ့ Salvadoran ဆန့်ကျင်တဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းဟာ ချမ်းသာတဲ့မြေပိုင်ရှင်တွေရဲ့ အကျိုးအမြတ်တွေ၊ ပိုင်ဆိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် Honduran ရဲ့သမ္မတစ်ဦးဖြစ်တဲ့ Gen. Oswaldo López Arellano ကိုလည်း ဖိအားပေးခဲ့ပါသေးတယ်။
၁၉၆၂ ခုနှစ်မှာတော့ Honduras က မြေယာပြန်လည်ပြုပြင်ပြောင်းလဲရေးဥပဒေသစ်တစ်ခုကို အောင်မြင်စွာနဲ့ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
အဲ့ဒီ့ဥပဒေကို ၁၉၆၇ ခုနှစ်မှာ အပြည့်အဝ ကျင့်သုံးခဲ့ပြီးတော့ Salvadorans ရွှေ့ပြောင်းနေထိုင်နေတဲ့လူတွေ တရားမဝင်သိမ်းပိုက်ထားတဲ့ မြေတွေကိုလည်း ဥပဒေသစ်အရ ဗဟိုအစိုးရနှင့် မြူနီစီပယ်နယ်တို့က ပြန်လည်ရယူပြီး ဒေသခံ Hondurans တွေကိုပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်။ အဲ့မြေတွေကို ရွှေ့ပြောင်းလာတဲ့တောင်သူလယ်သမားတွေနဲ့ ကျူးကျော်နေထိုင်သူတွေက သူတို့ရဲ့ပိုင်ဆိုင်ခွင့်တို့၊ လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်းတို့အတွက် တောင်းဆိုတာမျိုးမရှိဘဲနဲ့ သိမ်းယူခဲ့ကြပါတယ်။ အဲ့တာဟာ နှစ်နိုင်ငံသားအချင်းချင်း လက်ထပ်ထားတဲ့သူတွေအတွက် အတော်အခက်တွေ့စေခဲ့တာပါ။ နောက်တော့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နှစ်ရှည်အခြေချနေထိုင်သူတွေအပါအဝင် ထောင်ပေါင်းများစွာရှိတဲ့ Salvadoran အလုပ်သမားတွေကို Honduras ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲ့ဒီလိုတင်းမာမှုတွေမြင့်တက်လာပြီးတဲ့ နောက်ဆုံးမှာတော့ စစ်ရေးပဋိပက္ခဖြစ်ပွားတဲ့အထိကို ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။
