April 19, 2026 | မြန်မာ
Literature Explainer

ဂန္ထဝင်ကလေးစာပေအညွှန်း (၁)

လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။ စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။ ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph Caldecott medal ဆုကို ရခဲ့တော့ ဒီစာအုပ်အတွက် “Where the Wild Things Are စာအုပ်က လူတိုင်းကို ကျေနပ်စေဖို့အတွက် မဟုတ်ဘူး – ကလေးတွေအတွက်ပဲ” လို့ ခနဲ့တဲ့တဲ့ မှတ်ချက်ပြုခံခဲ့ရတာမို့ တွေးဆစရာ ဖြစ်ခဲ့တယ်။ မှတ်ချက်ကတော့ ကလေးတွေအတွက်ပဲ လို့သာ ဆိုခဲ့ပေမဲ့ ဒီစာအုပ်ရဲ့ သက်ရောက်မှုက ကမ္ဘာလုံးအတိုင်းအတာထိ ပြန့်ထွက်ခဲ့တာကို သက်သေထူနေတာတွေ ရှိပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ အော်ပရာပြဇာတ်တွေနဲ့ အခြားစာအုပ်တွေအပေါ်မှာပါ လွှမ်းမိုးမှုတွေ ရှိလာခဲ့တဲ့အထိပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို IBBY ရဲ့ ဥက္ကဌPam Dix က “တစ်ခါတစ်ခါ ဖတ်လိုက်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေကနေ ထုတ်ဖော်ပြသမဲ့၊ အလွှာများစွာပါဝင်နေတဲ့၊ပြီးပြည့်စုံတဲ့ ရုပ်ပြစာအုပ်တစ်အုပ်ပါ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာ သိပ္ပံသတင်း အပတ်တိုင်း…

Text size

လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။

စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . .  ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။

ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph Caldecott medal ဆုကို ရခဲ့တော့ ဒီစာအုပ်အတွက် “Where the Wild Things Are စာအုပ်က လူတိုင်းကို ကျေနပ်စေဖို့အတွက် မဟုတ်ဘူး – ကလေးတွေအတွက်ပဲ” လို့ ခနဲ့တဲ့တဲ့ မှတ်ချက်ပြုခံခဲ့ရတာမို့ တွေးဆစရာ ဖြစ်ခဲ့တယ်။ မှတ်ချက်ကတော့ ကလေးတွေအတွက်ပဲ လို့သာ ဆိုခဲ့ပေမဲ့ ဒီစာအုပ်ရဲ့ သက်ရောက်မှုက ကမ္ဘာလုံးအတိုင်းအတာထိ ပြန့်ထွက်ခဲ့တာကို သက်သေထူနေတာတွေ ရှိပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ အော်ပရာပြဇာတ်တွေနဲ့ အခြားစာအုပ်တွေအပေါ်မှာပါ လွှမ်းမိုးမှုတွေ ရှိလာခဲ့တဲ့အထိပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို IBBY ရဲ့ ဥက္ကဌPam Dix က “တစ်ခါတစ်ခါ ဖတ်လိုက်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေကနေ ထုတ်ဖော်ပြသမဲ့၊ အလွှာများစွာပါဝင်နေတဲ့၊ပြီးပြည့်စုံတဲ့ ရုပ်ပြစာအုပ်တစ်အုပ်ပါ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာဘာသာ သိပ္ပံသတင်း အပတ်တိုင်း သင့်ဆီ

ဒီတော့ ဒီစာအုပ်ထဲမှာ ဘာတွေ ပါနေမလဲ။ တကယ်တော့ ဒီစာအုပ်မှာ ချစ်စရာ ကြည်နူးစရာတွေအကြောင်း သရုပ်ဖော်ထားတဲ့ပုံတွေ၊ စာတွေ မဟုတ်ဘဲ လူသားတစ်ဦးအဖြစ် နေထိုင်ရတဲ့ သက်တမ်းတစ်လျှောက်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရစဉ်မှာ အဲဒီအရွယ်ရဲ့ ပကတိစိတ်သဘောကို ပကတိအတိုင်း ထင်ထင်လင်းလင်း မြင်မြင်သာသာ ဖွင့်ချပြလိုက်တာပါပဲ။ ဒီအချက်က ဒီစာအုပ်ကို အထူးခြားဆုံးဖြစ်အောင်၊ ဂန္ထဝင်ကလေးစာပေစာရင်းတွေမှာ ထိပ်ဆုံးနေရာတွေကနေ မပါမဖြစ် ရွေးချယ်စေတဲ့ အချက် ဖြစ်နေခဲ့တာပဲပေါ့။  ၁၉၂၈ ခုနှစ်မှာ လူ့လောကထဲ ရောက်လာခဲ့တဲ့ Maurice Sendak ဟာဒီစာအုပ်ထဲ ဖော်ပြမဲ့ ဇာတ်လမ်းအတွက် သူ့ငယ်ဘဝက အဓိကဖြစ်နေခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ခပ်ဆိုးဆိုးလုပ်မိရင် သူ့အမေက သူ့ကို “သတ္တဝါဆိုး (vilde chaya)” လို့ ခေါ်ခဲ့တယ် လို့ Sendak က ဖြေခဲ့ဖူးတယ်။ ဇာတ်လမ်းထဲမှာဇာတ်ဆောင် Max က သူ့အမေက သူ့ကို “သတ္တဝါဆိုး” လို့ ခေါ်လိုက်လို့ “ငါ မင်းကို စားလိုက်မယ်” ဆိုပြီး ပြောလိုက်တယ်၊ ဒါကြောင့် သူ့အမေက သူ့ကို အိပ်ရာမဝင်ခင် ညစာမကျွေးဘဲ အိပ်ခိုင်းခဲ့တာဆိုတဲ့ ဇာတ်ကွက်နဲ့ သွယ်ဝိုက်ပြခဲ့တယ်။ ဇာတ်လမ်းထဲက Max လိုပဲ Maurice Sendak ဟာ အပြင်မှာလဲ အိပ်ရာမဝင်ခင် ညစာမစားဘဲ ခဏခဏ အိပ်ခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။ အထူးသဖြင့် အမေဖြစ်သူ ချက်တာတွေကို မကြိုက်လို့ပါတဲ့။ နေ့လယ်စာစားချိန်မှာ အလည်ရောက်ရောက်လာတတ်တဲ့ သူ့အဆွေအမျိုးတွေက သူ့ကို “မင့် ကြည့်ရတာ ကိုက်စားလိုက်လို့ ကောင်းမဲ့ ပုံပဲ” လို့ ပြောတတ်ကြတယ်လို့လဲ ပြောခဲ့ဖူးပါတယ်။ ဒီအဆွေအမျိုးတွေအပေါ် အခြေခံပြီး အရိုင်းဆန်တဲ့ သတ္တဝါတွေက ဒီဇာတ်လမ်းထဲမှာ ကြွတက်နေတဲ့ ရုပ်ပုံတွေ ဖြစ်လာကြတယ်။ ဒါပေမဲ့လဲ ဘယ်လောက်ပဲ စွန့်စားခရီးတွေ ထွက်နေလျင်ပါစေ၊ ထွက်နေရပါစေ အဆုံးမှာတော့ ‘အိမ်’ ဆိုတဲ့ နေရာကို ပြန်လာရတဲ့ သဘောဟာ ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ပါပဲ။

 

ပြောင်းရွှေ့နေထိုင်သူ ပိုလန်ဂျူးလူမျိုးတစ်ဦးဖြစ်တဲ့ Maurice Sendak ဟာ အိမ်ထဲမှာပဲ နေနေရပြီး အပြင်က ဆော့နေတဲ့ ကလေးတွေကို ငေးရင်းမျှော်ရင်း နေခဲ့ရတာကို ပြန်တွေးပြီး စာအုပ်ထဲက ရုပ်ပုံတွေ ဖြစ်လာခဲ့တယ်။တစ်ယောက်တည်း လှေတစ်စင်းနဲ့ ရွက်လွှင့်ပြီး တောရိုင်းသတ္တဝါ (သူ့အမေ ခေါ်တတ်တဲ့ ‘သတ္တဝါဆိုး’) တွေနေတဲ့ကျွန်းမှာ အချိန်တစ်ခုကြာ သွားနေခဲ့တဲ့ ဇာတ်လမ်းရဲ့ ဇာတ်ကွက်တစ်ခုစီကနေ အရိုင်းဆန်ခြင်း၊ ရုန်းထွက်ခြင်း၊ လွတ်မြောက်ခြင်း၊ အလိုမကျခြင်း၊ စိတ်တိုခြင်း၊ ဒေါသဖြစ်ခြင်း စတာတွေကို ပြသခဲ့တာပေါ့။ ကလေးတစ်ယောက်ရဲ့ စိတ်ကနေပေါက်ဖွားလာတဲ့ စိတ်ကူးယဉ်ရုပ်ပုံတွေ၊ အဖြစ်အပျက်တွေက အသက်ဝင်လာသလိုပဲ အရွယ်ရောက်ပြီးသူတွေမှာကွယ်ဝှက်ထားရတဲ့၊ မျှော်လင့်နေရတဲ့၊ လိုလားတောင့်တရှိနေရတဲ့ အရာတော ကိုယ်ပိုင်စိတ်ကူးတွေထဲ၊ စကြဝဠာတွေထဲ၊ကမ္ဘာတွေထဲမှာ ဖြစ်တည်နေခဲ့ကြတာပဲ မဟုတ်လား။ Maurice Sendak ကတော့ သူ့ငယ်ဘဝကို ဒီစာအုပ်ကနေသေသေသပ်သပ် ချပြသွားခဲ့တယ်။

Where the wild things are နဲ့ ပတ်သက်တဲ့ ရိုက်ကူးမှုတွေ၊ တင်ဆက်မှုတွေ၊ အခြေခံပြီး တစ်ဖန်ဖန်တီးမှုတွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။

◾️ ၁၉၇၃ ခုနှစ်မှာ Peter Schickele က ဒီစာအုပ်ကို အခြေခံပြီး အန်နီမေးရှဲန်း ထုတ်ခဲ့တယ်။

◾️Gene Deitch က ဒီစာအုပ်ကို အခြေခံပြီး  နှစ်ကြာရိုက်ကူးခဲ့တဲ့ အန်နီမေးရှဲန်းအတိုတစ်ပုဒ် ၁၉၇၅ ခုနှစ်မှာ ထွက်လာခဲ့တယ်။ မပြီးပြတ်လိုက်တဲ့ ပြဇာတ်တင်ဆက်မှုကို ဘရက်ဆယ်လ်စ်မှာ တင်ဆက်ခဲ့တယ်။

◾️ Maurice Sendak ဟာ ၁၉၈၀ ခုနှစ်တွေမှာ Oliver Knudsen နဲ့ တွဲပြီး ဒီစာအုပ်ကို အခြေခံထားတဲ့ ပြဇာတ်တစ်ပုဒ်ရေးခဲ့တယ်။

◾️ ၁၉၈၃ ခုနှစ်မှာ Walt Disney က ဒီစာအုပ်ကို အသုံးပြုပြီး စီးရီးတစ်ခု ထုတ်ခဲ့တယ်။

ပထမဆုံးအပြည့်အစုံတင်ဆက်မှုကို ၁၉၈၄ ခုနှစ်မှာ လန်ဒန်က Glyndebourne Touring Opera မှာ တင်ဆက်ခဲ့ပါတယ်။

◾️ အမေရိကန်ပြည်ထောင်စုမှာတော့ ပထမဆုံးပြဇာတ်ဖျော်ဖြေမှုအဖြစ် ၁၉၈၅ ခုနှစ်မှာ မီနီဆိုးတား၊ စိန့်ပေါမှာ တင်ဆက်ခဲ့တယ်။

◾️ ၁၉၈၇ ခုနှစ်မှာ နယူးယောက်မြို့ပြဇာတ်ရုံမှာ premiere ပြသခဲ့တယ်။

◾️ ၁၉၉၉ ခုနှစ်မှာ Isadar က သူ့ရဲ့ Active Imagination အယ်လ်ဘမ်မှာ “Where the Wild Things Are” နာမည်နဲ့တစ်ကိုယ်တော်သီချင်းတစ်ပုဒ် ထည့်သွင်းရေးဖွဲ့ခဲ့တယ်။

◾️ ၂၀၀၂ ခုနှစ်မှာ လန်ဒန်က Royal Albert ခန်းမမှာ ပြဇာတ်တင်ဆက်ပြသခဲ့တယ်။

◾️ ၂၀၀၅ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ The Simpsons စီးရဲ့ The Girl Who Slept Too Little မှာလဲ ဒီဟာအုပ်ကို မှီငြမ်းထားတာတွေ ပါခဲ့တယ်။

◾️ ၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Spike Jonze က ဒီစာအုပ်ကို ရုပ်ရှင်ရိုက်ခဲ့ပါတယ်။

◾️ ၂၀၁၂ ခုနှစ်မှာ alt-J က ဒီစာအုပ်ကို အခြေခံပြီး “Breezeblocks” အမည်ရသီချင်းတစ်ပုဒ်ကို ထုတ်ခဲ့ပြီးဩစတြေးလျမှာ ARIA Gold ရခဲ့တယ်။

◾️ ၂၀၁၆ ခုနှစ်မှာတော့ အဆိုတော် Alessia Cara က ဒီစာအုပ်ကို ဖတ်ပြီး ရေးခဲ့တဲ့ Wild Things ဆိုတဲ့ သီချင်းတစ်ပုဒ်ဖြန့်ချိခဲ့ပြီး အသိအမှတ်ပြုခြင်းတွေ ရခဲ့ပါတယ်။

 

၁၉၉၇ ခုနှစ်မှာ အမရေိကန်သမ္မတ ကလင်တန် ချီးမြှင့်ခဲ့တဲ့ theNational Medal of Arts (၁၉၉၆ဆုရခဲ့ပြီး သမ္မတအိုဘားမားရဲ့ အကြိုက်ဆုံးစာအုပ်တစ်အုပ် ဖြစ်ခဲ့တဲ့ Maurice Sendak ရဲ့ ဒီစာအုပ်ဟာ စာလုံးရေ အများကြီး ပါနေမှာမဟုတ်ပေမဲ့ လူတွေရဲ့ စိတ်၊ လူတွေရဲ့ သဘာဝကို သေသပ်လှပစွာ ပုံဖော်ပြသနိုင်ခဲ့တာတော့ အမှန်ပါပဲ။ Social media, Screen, Al တွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ခေတ်ကာလမှာ Where the wild things are က artificial connection တွေနဲ့မဟုတ်ဘဲ မိသားစုနဲ့၊ သဘာဝနဲ့၊ ချစ်ခြင်းမေတ္တာနဲ့အတူ ဆော့ကစားနိုင်ဖို့၊ ထိတွေ့နိုင်ဖို့၊ ခံစားနိုင်ဖို့ သတိပေးချက်လေးတစ်ခုဖြစ်နေပါလိမ့်မယ်။

အချို့သော အချိန်တွေမှာ ရောက်နေရာ အရပ်၊ ရှိနေရာ အချိန်တွေကနေ ထွက်သွားပြီး စွန့်စားလိုက်ချင်တာတွေ ဖြစ်ဖူးကြလိမ့်မယ်။ တကယ်လဲ စွန့်စားခဲ့မိကြလိမ့်မယ်။ ဒါပေမဲ့ စွန့်စားခန်းတွေ ပြီးသွားတဲ့အခါ ဘယ်ကို ပြန်လာမိကြသလဲ။ကောင်းခြင်း၊ ဆိုးခြင်း၊ သေသပ်ခြင်း၊ ပွရှုပ်ခြင်း၊ လူမှုသတ်မှတ်ချက်တွေနဲ့အညီ ကန့်သတ်နေထိုင်ခြင်း၊ အရိုင်းဆန်ခြင်း . . . ဘဝတစ်လျှောက်မှာ ဒါတွေနဲ့ အမြဲတစေ ထိတွေ့နေကြရမှာ လောကဓမ္မတာပါပဲ။ ဒီရှင်သန်ခြင်းကာလတွေမှာကျွန်တော်တို့ ဘာတွေ ကြုံတွေ့ခဲ့ကြလဲ၊ ဘာတွေ ထိတွေ့သိမြင်ခံစားနေရလဲ၊ ဘာတွေ ဆက်ပြီး ရင်ဆိုင်ကြရလိမ့်မလဲ . . .      

 

 

Htet Phone Shein

Htet Phone Shein is a Bangkok-based writer, poet, and literary translator with a deep commitment to the craft of language — both in the making of original work and in the faithful rendering of others'. He served as Final-review Editor at Fact Hub Myanmar, where he set and upheld the editorial standards that defined the publication's voice and rigour. He is currently studying British and American Studies at Thammasat University's Faculty of Liberal Arts, alongside a degree in Business Administration at the University of the People. With a foundation in Myanmar Literature and Linguistics from Mandalay University and further studies at Uppsala University's Department of English, his literary sensibility is shaped by both tradition and cross-cultural exposure. He is the author of three novels — Lost Love Floating in the Sea, Moon's Footmark, and You I've Never Seen, I I've Never Seen — and has translated six books into Burmese, including works by Zen philosopher Thich Nhat Hanh, The Four Agreements, and Steal Like An Artist. His critical essays, among them a close reading of Yay Aye's short story Bonsai, reflect his sustained interest in how literature builds meaning across culture and community. His forthcoming poetry collection, The Bridge, marks his next step as a poet. When he isn't writing or translating, he runs and reads — and those who work with him will tell you he gets things done, quietly and on his own terms.

Article Credits

Written by Htet Phone Shein
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.