ကောင်းသော ညပါ လမင်းကြီးရေ
ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်မှာ လမင်းကြီးဟာ အဓိကဇာတ်ဆောင်တွေထဲမှာ အကြားရဆုံး၊ အသိရဆုံး၊ အပြောပြရဆုံးဇာတ်ဆောင်တစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စာလေးတွေ၊ ကဗျာလေးတွေတောင် ရှိပါရဲ့။ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွတ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ်၊ ဖိုးလနတ်သား”။ “ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလား”။…