သိပ္ပံအကြောင်း သိပ္ပံအရာနှင့် လူထုအသိ (အယ်ဒီတာ့အာဘော်)
ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေက သိပ္ပံနဲ့ ပတ်သက်လာရင် သိပ္ပံအသိ၊ သိပ္ပံပညာ အင်မတန်မှ ခေါင်းပါးလွန်းပါတယ်။ ဒီလိုပြောရတာက မသိရကောင်းလားဆိုပြီး ဝေဖန်ရှုံ့ချအပြစ်တင်လိုစိတ်နဲ့ ပြောရခြင်းမဟုတ်ပါ။ ခေတ်အဆက်ဆက်က လူတွေရဲ့ သိမှုအဆင့်အတန်းက ဟိုးး မွေးကင်းစကလေးကနေစလို့ အသက် ၈၀ အရွယ်ရှိ သက်ကြီးရွယ်အိုတွေအထိ ဘာသာရေး လွှမ်းမိုးမှုနဲ့ မလွတ်ကင်းနိုင်လို့လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ပညာရေးစနစ်နိမ့်ပါးတာရယ်…