ဟန်တာဗိုင်းရပ်(စ်) ဒုတိယကိုဗစ် ဖြစ်လာနိုင်လား . . . ?
အတ္တလန္တိတ်သမုဒ္ဒရာထဲ လှည့်လည်နေတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေကို သေဆုံးစေခဲ့တဲ့ ဟန်တာဗိုင်းရပ်(စ်)ဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရနေပါတယ်။ ဒီဗိုင်းရပ်(စ်)ဟာ တစ်ယောက်ကနေ နောက်တစ်ယောက်ဆီ ကူးစက်တတ်ပြီး သေစေနိုင်တယ်၊ ကုသဖို့ ဆေးမရှိဘူး ဆိုတာလို အချက်အလက်တွေ သိရပြီးနောက် ပြီးခဲ့နှစ်တွေက သန်းနဲ့ချီသူတွေ အပြင်းအထန်လူးလှိမ့်ခံစားခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါကို အများစု သွားအမှတ်ရကြတာပါ။ တစ်ချိန်တည်းမှာပဲ ဟန်တာဗိုင်းရပ်(စ်)…

