May 25, 2026 | မြန်မာ
Fact Check 1 min read

အစား စားပြီးရေသောက်တာက ကောင်းတဲ့ အမူအကျင့်လား

ဒီမေးခွန်းဟာ အတော်လေးတော့ ဒွိဟဖြစ်စေပါတယ်။ ပထမဆုံး အနေနဲ့ ပြောရရင် ရေဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်ဆိုပေမဲ့ လိုအပ်တဲ့ ပမာဏလောက်ကို သောက်သုံးတာက အကောင်းဆုံးပါပဲ။ ဆိုတော့ အဓိက အကြောင်းအရာဖြစ်တဲ့ အစာစားပြီးမှ ရေသောက်တာ ကောင်းလားဆိုရင် ရေးသားဖော်ပြကြတဲ့ အရာတွေ၊ ရှာဖွေတွေ့ရှိချက်တွေအရဆိုရင်တော့ အချိုတစ်ဝက်က ကောင်းတယ်လို ပြောကြပြီး အချိုတစ်ဝက်က‌ မကောင်းဘူးလို ပြောကြပေမဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတာမျိုးတော့ မရှိပါဘူး။ အစာတစ်ခုခုစားပြီး ရေသောက်ချလိုက်တာဟာ အစာချေဖျက်ခြင်း လုပ်ငန်းစဉ်ကို ပုံမှန်ထက် ပိုပြီး မြန်စေပါတယ်။ အကြောင်းကတော့ အစာစားပြီး ရေသောက်ချလိုက်တာက ပုံမှန်နှုန်းနဲ့ အူလမ်းကြောင်းမှာ သွားနေတဲ့ အစာတွေကို ရေရဲ့ အရှိန်နဲ့ မြန်မြန်သွားစေပါတယ်။ ဒါကြောင့်ပဲ အစာချေဖျက်မဲ့ နေရာကို အမြန်ရောက်လာပြီး အစာကြေတာ မြန်စေပေမဲ့ ပြောစရာရှိနိုင်တာ တစ်ခုကတော့ အာဟာရစုပ်ယူမှုကို နည်းသွားစေတာလောက်ပါပဲ။

 

 

 

Share Facebook Telegram Email

Article Credits

Written by Myo Myat Maung
Copy Editing Fact Hub Editor Team

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.