May 20, 2026 | မြန်မာ
Fact Check 1 min read

အစာစားနေချိန် စကားမပြောသင့်တာ အမှန်လား။

လူတော်တော်များများက “အစာစားနေချိန် စကားမပြောနဲ့” ဆိုတဲ့ စကားကို အကြိမ်ကြိမ်ကြားဖူးကြမှာပါ။ ဒါကို အများစုက ရှိသင့်ရှိထိုက်တဲ့ Manner (အမူအကျင့်) တစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ တကယ်လက်ကိုင်ကျင့်သုံးသင့်ရဲ့လား။ ဘာကြောင့်လဲ။

ကျွန်တော်တို့ အစာစား၊ ရေသောက်တဲ့ အချိန်တွေမှာဆိုရင် Epiglottis (အသံအိုးဖုံး) က Trachea/ Windpipe (လေပြွန်) ထဲကို အစာနဲ့ ရေမဝင်သွားဖို့ရန် ပိတ်ထားလေ့ရှိပါတယ်။

သို့ပေမဲ့လဲ စကားပြောတဲ့ အချိန်တွေမှာတော့ အဆုတ်က တစ်ဆင့် Windpipe ကို ဖြတ်ပြီး လေတွေထွက်လာမှာ ဖြစ်တာကြောင့် Epiglottis ဟာပွင့်နေမှာ ဖြစ်ပါတယ်။

အဲ့တာကြောင့် အစာစားနေချိန် စကားပြောတဲ့အခါ‌မှာ အစာနဲ့ ရေဟာ Windpipe (လေပြွန်) ထဲကို ဝင်ရောက်သွားကာ လေလမ်းကြောင်းပိတ်ဆို့ပြီး Choking/ဆို့နင်တာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အစာစားနေချိန် စကားပြောတာကို အတတ်နိုင်ဆုံးရှောင်ကြဉ်တာဟာ ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးပေးနိုင်တဲ့အပြင် အမူအကျင့်ကောင်းတစ်ခုအနေနဲ့ပါ သတ်မှတ်ခြင်းခံထားရတာဖြစ်တဲ့အတွက် ကျင့်သုံးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာ။

Share Facebook Telegram Email

Article Credits

Written by Zay Bhone Hlyan
Managing Editor Fact Hub Editor Team

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.