June 1, 2026 | မြန်မာ
Zay Bhone Hlyan

Zay Bhone Hlyan

12 articles
Content type: News 2 Featured 2 Explainers 5 In-Depth 1 Fact Checks 1 Short Facts 1
Earth Sciences Explainer

“သမိုင်းတစ်‌လျှောက် အဆိုးရွားဆုံး ပျက်ကပ်”

‘ကပ်ဘေး‘ ဆိုတာ ကိုယ်တိုင်ကြုံတဲ့ လူတွေအတွက်တော့ ကြားရုံနဲ့တင် ကျောချမ်းစရာ၊ စိတ်မချမ်းသာစရာပါ။ ဒါပေမဲ့လဲ အကြောင်းအဖုံဖုံကြောင့် ကပ်အမျိုးမျိုး ကမ္ဘာပေါ် ဆိုက်ရောက်နေတာလဲ မျက်မြင်ပါပဲ။ မကြာသေးခင်က ကြုံခဲ့ရတဲ့ ကပ်တစ်ခုကတော့ Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးပေါ့။  ကပ်တွေဟာ သဘာဝတရားနဲ့ သက်ရှိတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိပြီး ‘ကပ်‌ဘေး’ မှာ သဘာဝကပ်ဘေး၊ ရောဂါကပ်ဘေး၊…

Zay Bhone Hlyan · Jan 9, 2024 · 2 min read

ဒိုင်နိုဆောတွေကို အမြစ်ဖြုတ်ခဲ့တဲ့ ဂြိုဟ်သိမ်ရန်ကနေ ငါးမန်းတွေ ဘယ်လိုလွတ်မြောက်ခဲ့သလဲ။

ငါးမန်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ မီလီယံ‌ဝန်းကျင်လောက်ကစပြီး ယနေ့ချိန်အထိ ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားနေတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒိုင်နိုဆောမျိုးစိတ်ထက် နှစ်ပေါင်း ၂၀၀ မီလီယံခန့် သက်တမ်းပိုရင့်ပြီး လွန်ခဲ့တဲ့ နှစ် ၆၀ မီလီယံ ဝန်းကျင်က ဂြိုဟ်သိမ်ရဲ့ ရိုက်ခတ်မှုကြောင့် ဒိုင်နိုဆောတွေမျိုးသုဉ်းပြီးနောက်မှာတောင် ဆက်လက်ရှင်သန်နေတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။ တိုးတက်လာတဲ့ ယနေ့ခေတ်မှာ ပညာရှင်တွေဟာ ရှေးဟောင်းရုပ်ကြွင်းတွေကို…

Zay Bhone Hlyan · Nov 23, 2023 · 1 min read

လကမ္ဘာသို့ ပထမဆုံးခြေလှမ်း

လူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်ဖွံ့ဖြိုးနိုင်ကြဖို့အတွက် သိပ္ပံပညာကို အသုံးပြုပြီး လေ့လာရှာဖွေမှုတွေ၊ စမ်းသပ်မှုတွေ တစ်ခုပြီးတစ်ခု ယနေ့ထိတိုင် ပြုလုပ်လျက်ရှိကြပါတယ်။ သိပ္ပံလောကရဲ့ သမိုင်းမှာ ခမ်းနားကြီးကျယ်လှတဲ့ ရှာဖွေတွေ့ရှိမှု‌တွေ၊ အောင်မြင်မှုတွေအများကြီး ရှိခဲ့တဲ့အပြင် အဲ့ဒါတွေထဲမှာ Apollo ၁၁ ဆိုတဲ့ လကမ္ဘာခရီးစဉ်လဲ အပါအဝင်ပါ။ ဒုတိယကမ္ဘာစစ်အပြီး ၂၀ ရာစုအလယ်မှာ ဒီမိုကရေစီနိုင်ငံတော် အမေရိကန်နဲ့…

Zay Bhone Hlyan · Nov 20, 2023 · 1 min read

အေးစက်လာတဲ့ ဆောင်းညများ

ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ‌ကမ္ဘာမြေကြီးဟာ ကားတွေ၊ စက်ရုံတွေ အစရှိတဲ့ နေရာတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ တခြား လေထုညစ်ညမ်းစေတဲ့ အကြောင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ တစ်နှစ်ထက် တစ်နှစ် ပိုပို ပျက်စီးယိုယွင်းလာပြီး အပူချိန်တွေလဲ မြင့်မားလာတဲ့ အကြောင်း အားလုံးသိနှင့်ပြီးသားဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကြည့်မယ်ဆိုရင်တောင် တစ်နှစ်နဲ့ တစ်နှစ် နွေရာသီရောက်လာတိုင်းမှာ သိသိသာသာ ပိုပြီး…

Zay Bhone Hlyan · Nov 13, 2023 · 1 min read

လူတိုင်းလိုလို နေ့စဉ် စားမိနေတဲ့ အသံတိတ် အဆိပ်

“ကျွန်တော်တို့ အားလုံး နေ့စဉ်စားမိနေတဲ့ အစားအစာတွေထဲက ဟင်းခတ်ပစ္စည်းတစ်ခု ပါဝင်မှုကို လျှော့ချလိုက်မယ်ဆိုရင် နှစ်စဉ်သေဆုံးနေတဲ့ လူသန်းချီရဲ့ အသက်တွေကို ကယ်တင်နိုင်မယ်။”   လွန်ခဲ့တဲ့ ရက်ပိုင်းက ဖတ်လိုက်ရတဲ့ သတင်းခေါင်းစီးလေး တစ်ခုပါ။ သုတေသနအသစ်တစ်ခုအခု နေ့စဉ်စားနေတဲ့ အစားအစာတွေထဲက ဆားပါဝင်မှုကို လျှော့ချနိုင်မယ်ဆိုရင် ဆားနဲ့ ဆားကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ရောဂါတွေကို ကာကွယ်နိုင်မယ်၊ နှစ်စဉ်…

Zay Bhone Hlyan · Nov 6, 2023 · 3 min read

“၂၀၂၃ ခုနှစ်ရဲ့ အိုဇုန်းလွှာပေါက် အခြေအနေ”

 အိုဇုန်းလွှာဟာ ကမ္ဘာ့လေထုရဲ့ စထရက်တို စဖီးယားအလွှာ (Stratosphere) မှာရှိပြီး နေကလာတဲ့ စွမ်းအင်မြင့် ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးထားတာကြောင့်  ကမ္ဘာ့လေထုရဲ့ အရေးကြီး အလွှာတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက စလို့ အိုဇုန်းလွှာ ထိခိုက် ပျက်စီးမှုတွေ အလွန်များလာပြီး အိုဇုန်းလွှာက တဖြည်းဖြည်း ပါးလွှာလာပါတယ်။ အဲ့ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့အခါ Ozone…

Zay Bhone Hlyan · Oct 18, 2023 · 1 min read

“အန္တာတိကမှ ပန်းပွင့်များ”

ကမ္ဘာ့တိုက်ကြီးခုနစ်တိုက်မှာ အန္တာတိကတိုက်ဟာ အလွန်အေးတဲ့ တိုက်ဖြစ်ပြီး သူ့ရဲ့ အေးခဲပြီးကြမ်းတမ်းတဲ့ ရာသီဥတုကြောင့် အဲ့ဒီဒေသမှာ အပင်တွေ ပေါက်ဖို့၊ ပန်းတွေ ပွင့်ဖို့ အတော်ခက်ခဲကြပါတယ်။ အန္တာတိကမှာ အခြားအပင်မျိုးစိတ် များများစားစား ရှင်သန်ပေါက်ရောက်နိုင်ခြင်း မရှိဘဲ Antarctic Hair Grass နဲ့ Antarctic Pearlwort ဆိုတဲ့ ဒေသမျိုးရင်း ပန်းမျိုးစိတ်နှစ်မျိုးတည်းကသာ အရေအတွက်အနည်းငယ်နဲ့…

Zay Bhone Hlyan · Oct 6, 2023 · 1 min read

“အိုဇုန်းလွှာနှင့်၎င်း၏အကျိုးပြုပုံ”

Ozone (အိုဇုန်း) ဟာ အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်တဲ့ မော်လီကျူးဖြစ်ပြီး မတည်ငြိမ်ပါဘူး။ Ozone Layer (အိုဇုန်းလွှာ) ဆိုတာလဲ အဲ့ဒီအိုဇုန်းအစုအဝေးပါပဲ။  အိုဇုန်းလွှာဟာ ကမ္ဘာမြေကြီးရဲ့ Atmosphere (လေထု) ရဲ့  တစ်စိတ်တစ်ဒေသဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်မှ ခန့်မှန်းခြေ 10 km မှ 50 km အကြားမှာ တည်ရှိပါတယ်။ ဒီအိုဇုန်းလွှာက…

Zay Bhone Hlyan · Oct 2, 2023 · 4 min read

အစာစားနေချိန် စကားမပြောသင့်တာ အမှန်လား။

လူတော်တော်များများက “အစာစားနေချိန် စကားမပြောနဲ့” ဆိုတဲ့ စကားကို အကြိမ်ကြိမ်ကြားဖူးကြမှာပါ။ ဒါကို အများစုက ရှိသင့်ရှိထိုက်တဲ့ Manner (အမူအကျင့်) တစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ တကယ်လက်ကိုင်ကျင့်သုံးသင့်ရဲ့လား။ ဘာကြောင့်လဲ။ ကျွန်တော်တို့ အစာစား၊ ရေသောက်တဲ့ အချိန်တွေမှာဆိုရင် Epiglottis (အသံအိုးဖုံး) က Trachea/ Windpipe (လေပြွန်) ထဲကို အစာနဲ့…

Zay Bhone Hlyan · Sep 27, 2023 · 1 min read

အပူဒဏ်နဲ့ အအေးဒဏ် ဘယ်ဟာက ပိုပြီး အန္တရာယ်ပေးနိုင်သလဲ။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာစွာ လည်ပတ်နေဖို့အတွက် တည်ငြိမ်ပြီး သင့်တော်တဲ့ ကိုယ်တွင်းအပူချိန်ရှိဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက်‌ ခန္ဓာကိုယ်အပူချိန်ဟာ 36.5 ဒီဂရီဆဲလဲစီးယပ်စ်မှ 37.2 ဒီဂရီဆဲလ်စီးယပ်စ်ကြားရှိဖို့ လိုအပ်ပါတယ်။ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်အပူချိန်ကြောင့် ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် ပိုတက်လာခဲ့ရင် (သို့) ရုတ်ချည်းကျသွားခဲ့ရင် အခန့်မသင့်ပါက အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။ အဲ့တာကြောင့်ပဲ လူတွေဟာ အပူဒဏ် ဒါမှမဟုတ်…

Zay Bhone Hlyan · Sep 23, 2023 · 3 min read

ကမ္ဘာကြီးနှင့်အတူ သက်ရှိများ‌သေကြေပျက်သုဉ်းမည့် ဖြစ်စဉ်ကို သိပ္ပံရှုထောင့်မှ စဉ်းစားခြင်း

ကျွန်တော်တို့တွေဟာ တစ်ခါတလေ အားလပ်ချိန်လေးတွေမှာပဲဖြစ်ဖြစ်၊ ညဘက်အိပ်မပျော်တဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ် သိချင်တာစူးစမ်းချင်တာလေးတွေကို ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ပြီး အတွေးပေါင်းစုံနဲ့ ပြည့်နေတတ်ကြပါတယ်။ ဒီထဲမှာမှ လူအများစုကတော့ ဒီမေးခွန်းလေးတွေကို သေချာပေါက်မေးခဲ့ကြဖူးမှာပါ။ “ကမ္ဘာကြီးဘယ်တော့ပျက်မှာလဲ။” “ဘယ်လိုပျက်မှာလဲ။” “ဘာကြောင့်ပျက်မှာလဲ။” ကျွန်တော်တို့တွေငယ်စဉ်အခါက အခုလိုစူးစမ်းချင်စိတ်နဲ့ လူကြီးတွေကို မေးရင် အများစုကတော့ ဘာသာရေးရှုထောင့်နဲ့ ကြည့်ပြီး ပြန်လည်ဖြေကြားတတ်ကြပါတယ်။ ဒါပေမဲ့ သိပ္ပံရှုထောင့်ကနေ လက်တွေ့ကျကျ တစ်ဖန် ပြန်သုံးသပ်ကြည့်ရင်‌လဲ…

Zay Bhone Hlyan · Aug 16, 2023 · 6 min read

Javan Rhinos (သိုမဟုတ်) မကြာခင်မျိုးသုဉ်းနိုင်ခြေရှိသောသတ္တဝါများ

လက်ရှိပစ္စုပ္ပန်အချိန်မှာ မျိုးသုဉ်းနိုင်ခြေအများဆုံးတိရစ္ဆာန်တစ်ကောင်ကို‌ ဖော်ပြပါလို့ဆိုရင် ကျွန်တော်က‌တော့ Javan Rhinos အကြောင်းကိုသာ ပြောပြပါလိမ့်မယ်။ Javan Rhinos ဆိုတာ ဘာလဲ။ Javan Rhinos တွေဟာ ကြံ့မျိုးစိတ်တွေထဲမှာ အရှားပါးဆုံးမျိုးစိတ်ဝင်တွေဖြစ်ပြီး လက်ရှိအချိန်‌‌မှာဆိုရင် အကောင်ရေအနည်းဆုံးနဲ့ မျိုးသုဉ်းနိုင်ခြေအများဆုံးစာရင်းဝင်တိရစ္ဆာန်မျိုးစိတ်လဲ ဖြစ်ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာ ဒီကြံ့တွေကျက်စားခဲ့ပေမဲ့ ယခုအချိန်မှာတော့…

Zay Bhone Hlyan · Aug 8, 2023 · 1 min read

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.