June 2, 2026 | မြန်မာ
Category

Category: Literature

အလင်းပြန်ခြင်းနှင့် အလင်းယိုင်ခြင်း

အလင်းဆိုတာက အလွန်ဆန်းကြယ်တဲ့ အရာတစ်ခုပါ။ အလင်းဆိုတာ ဘာမှန်း အသေအချာ မသိခင်တည်းကစလို့ လူသားတွေဟာ အလင်းကို စတင်ပြီး အသုံးပြု လာခဲ့ကြပါတယ်။ ဒီလိုအသုံးပြုရာမှာ အလင်းရဲ့ အဓိကဂုဏ်နှစ်ခုကို အသုံးချပါတယ်။ ဒီနှစ်ခုကတော့ အလင်းပြန့်ခြင်းနဲ့ အလင်းယိုင်ခြင်းပါ။ အလင်းဆိုတာ လှိုင်း-အမှုန် ဒွိဟသဘောဆောင်တဲ့ အရာတစ်ခုပါ။ ဒီလို ဒွိဟသဘောများမှ အလင်းပြန်ခြင်းနဲ့ အလင်းယိုင်ခြင်းတို့ကတော့ အလင်းလှိုင်းသဘောနဲ့…

Aung Bhone Myint Htoo · Dec 1, 2023 · 1 min read

အိမ်ပြေးလေးဘန်နီ’ က ပြောပြတဲ့ မိဘနဲ့ သားသမီးကြားက ချိတ်ဆက်ကြိုးလေးတစ်ချောင်း

လူအများစု ဒီစကားလုံးနဲ့ မစိမ်းကြဘူး ထင်ပါရဲ့။ ကိုယ်တိုင်က အိမ်ပြေးကလေး ဖြစ်ဖူးရင် ဖြစ်၊ မဟုတ်ရင် အခြားအိမ်ပြေးကလေးတွေအကြောင်း တစ်နည်းတစ်ဖုံ တစ်မျိုးတစ်ကဏ္ဍ ကြားဖူးကြမှာပါ။ အိမ်ကနေ ဘာကြောင့် ပြေးကြသလဲ။ အိမ်မှာ နေရတာ မပျော်လို့ စိတ်ကျဉ်းကျပ်လို့၊ မိသားစုနဲ့ ဆက်ဆံရေးအဆင်မပြေလို့၊ အသစ်အဆန်းရှာချင်လို့၊ လောကကြီးထဲ ဒါမှမဟုတ် ဘဝထဲကို တစ်ယောက်တည်း ကိုယ့်ဘာသာခြေဆန့်ရှင်သန်ချင်လို့…

Htet Phone Shein · Oct 14, 2023 · 7 min read

ကောင်းသော ညပါ လမင်းကြီးရေ

ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်မှာ လမင်းကြီးဟာ အဓိကဇာတ်ဆောင်တွေထဲမှာ အကြားရဆုံး၊ အသိရဆုံး၊ အပြောပြရဆုံးဇာတ်ဆောင်တစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စာလေးတွေ၊ ကဗျာလေးတွေတောင် ရှိပါရဲ့။ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွတ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ်၊ ဖိုးလနတ်သား”။ “ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလား”။…

Htet Phone Shein · Oct 6, 2023 · 1 min read

လူဖြူတစ်ယောက်က ဖန်တီးခဲ့တဲ့ လူမည်းဇာတ်ဆောင် ကလေးရုပ်ပြစာအုပ် (သို့မဟုတ်) ဂန္ထဝင်ကလေးစာပေအညွှန်း (၂)

နှင်းနဲ့ ပတ်သက်ရင် လူတွေမှာ အတွေးတစ်ခု ရှိတတ်ကြတယ်။ နှင်းကျတဲ့ အရပ်မှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းသိပ်မကျတဲ့ ဒေသမှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းလုံးဝမကျတဲ့ နေရာမှာ နေရင်ပဲဖြစ်ဖြစ် ပထမဆုံးနှင်းကျတာကို မြင်ရကြည့်ရရင် ကြည်နူးစရာကောင်းပြီး မျှော်လင့်ချက်တစ်ခု ဖြည့်ဆည်းပေးခံလိုက်ရသလိုပဲ ဆိုတဲ့ အတွေးလေးပေါ့။ ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေထဲက ဒါမှမဟုတ် နှင်းကျတဲ့ အရပ်ဒေသက လူအချို့ရဲ့ ပြောစကားအရ…

Htet Phone Shein · Sep 23, 2023 · 8 min read

ဘောင်အတွင်းက ကဗျာသိမှု

❝ နှင်းဆီပွင့် ❞ ❝ လယ်တောကအပြန်ပန်ချင်တယ် ခရေဖူးဆိုလို့မောင်ခူးကာပေးမနက်တုန်းဆီကကျော့ဆုံးကိုမောင်မြင်တော့သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ဂုဏ်တင့်တယ်လေး။ ❞ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး လယ်တောကအပြန်မှာပဲ ခရေဖူးလေးတွေပန်ချင်လှပါတယ်လို့ မှာလိုက်လေသလား၊ ကောင်လေးကပဲ သူလယ်လုပ်ပြီး လယ်တောကအပြန်မှာ ခရေဖူးလေးတွေခူးပေးလေသလား ဆရာမင်းသုဝဏ်က ဘာကိုဆိုလိုခဲ့သလဲဆိုတာကိုတော့ ဆရာကိုယ်တိုင်ထက်အတိအကျ ဘယ်သူမှမသိနိုင်။ ကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်မကမ္ဘာထဲမှာတော့ လူရွယ်ကောင်လေးဟာ မနက်စောစောထ၊…

Fact Hub Editorial · Sep 2, 2023 · 4 min read
📰

ဂန္ထဝင်ကလေးစာပေအညွှန်း (၁)

လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။ စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။ ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph Caldecott medal ဆုကို ရခဲ့တော့ ဒီစာအုပ်အတွက် “Where the Wild Things Are စာအုပ်က လူတိုင်းကို ကျေနပ်စေဖို့အတွက် မဟုတ်ဘူး – ကလေးတွေအတွက်ပဲ” လို့ ခနဲ့တဲ့တဲ့ မှတ်ချက်ပြုခံခဲ့ရတာမို့ တွေးဆစရာ ဖြစ်ခဲ့တယ်။ မှတ်ချက်ကတော့ ကလေးတွေအတွက်ပဲ လို့သာ ဆိုခဲ့ပေမဲ့ ဒီစာအုပ်ရဲ့ သက်ရောက်မှုက ကမ္ဘာလုံးအတိုင်းအတာထိ ပြန့်ထွက်ခဲ့တာကို သက်သေထူနေတာတွေ ရှိပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ အော်ပရာပြဇာတ်တွေနဲ့ အခြားစာအုပ်တွေအပေါ်မှာပါ လွှမ်းမိုးမှုတွေ ရှိလာခဲ့တဲ့အထိပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို IBBY ရဲ့ ဥက္ကဌPam Dix က “တစ်ခါတစ်ခါ ဖတ်လိုက်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေကနေ ထုတ်ဖော်ပြသမဲ့၊ အလွှာများစွာပါဝင်နေတဲ့၊ပြီးပြည့်စုံတဲ့ ရုပ်ပြစာအုပ်တစ်အုပ်ပါ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီစာအုပ်ထဲမှာ ဘာတွေ ပါနေမလဲ။ တကယ်တော့ ဒီစာအုပ်မှာ ချစ်စရာ ကြည်နူးစရာတွေအကြောင်း သရုပ်ဖော်ထားတဲ့ပုံတွေ၊ စာတွေ မဟုတ်ဘဲ လူသားတစ်ဦးအဖြစ် နေထိုင်ရတဲ့ သက်တမ်းတစ်လျှောက်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရစဉ်မှာ အဲဒီအရွယ်ရဲ့ ပကတိစိတ်သဘောကို ပကတိအတိုင်း ထင်ထင်လင်းလင်း မြင်မြင်သာသာ ဖွင့်ချပြလိုက်တာပါပဲ။ ဒီအချက်က ဒီစာအုပ်ကို အထူးခြားဆုံးဖြစ်အောင်၊ ဂန္ထဝင်ကလေးစာပေစာရင်းတွေမှာ ထိပ်ဆုံးနေရာတွေကနေ မပါမဖြစ် ရွေးချယ်စေတဲ့ အချက် ဖြစ်နေခဲ့တာပဲပေါ့။  ၁၉၂၈ ခုနှစ်မှာ လူ့လောကထဲ ရောက်လာခဲ့တဲ့ Maurice Sendak ဟာဒီစာအုပ်ထဲ ဖော်ပြမဲ့ ဇာတ်လမ်းအတွက် သူ့ငယ်ဘဝက အဓိကဖြစ်နေခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ခပ်ဆိုးဆိုးလုပ်မိရင် သူ့အမေက သူ့ကို “သတ္တဝါဆိုး (vilde chaya)” လို့ ခေါ်ခဲ့တယ် လို့ Sendak က ဖြေခဲ့ဖူးတယ်။ ဇာတ်လမ်းထဲမှာဇာတ်ဆောင် Max က သူ့အမေက သူ့ကို “သတ္တဝါဆိုး” လို့ ခေါ်လိုက်လို့ “ငါ မင်းကို စားလိုက်မယ်” ဆိုပြီး ပြောလိုက်တယ်၊ ဒါကြောင့် သူ့အမေက သူ့ကို အိပ်ရာမဝင်ခင် ညစာမကျွေးဘဲ အိပ်ခိုင်းခဲ့တာဆိုတဲ့ ဇာတ်ကွက်နဲ့ သွယ်ဝိုက်ပြခဲ့တယ်။ ဇာတ်လမ်းထဲက Max လိုပဲ Maurice…

Htet Phone Shein · Aug 19, 2023 · 5 min read

ဘောင်အတွင်းက ကဗျာသိမှု

နှင်းဆီပွင့် လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး လယ်တောကအပြန်မှာပဲ ခရေဖူးလေးတွေပန်ချင်လှပါတယ်လို့ မှာလိုက်လေသလား၊ ကောင်လေးကပဲ သူလယ်လုပ်ပြီး လယ်တောကအပြန်မှာ ခရေဖူးလေးတွေခူးပေးလေသလား ဆရာမင်းသုဝဏ်က ဘာကိုဆိုလိုခဲ့သလဲဆိုတာကိုတော့ ဆရာကိုယ်တိုင်ထက်အတိအကျ ဘယ်သူမှမသိနိုင်။ ကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်မကမ္ဘာထဲမှာတော့…

Fact Hub Editorial · Jun 14, 2023 · 1 min read

မြန်မာစာ ဘာကြောင့်သင်

ကျွန်မတို့အားလုံး မူကြိုအရွယ်ကစလို့ အထက်တန်းပြီးတဲ့အထိ၊ အချို့လည်း တက္ကသိုလ်ပြီးတဲ့အထိ မြန်မာစာကို သင်ရိုးမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ကြဖူးမှာပါ။ ဒါဖြင့် ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီဘာသာစကားနဲ့ရင်းနှီးနေသူတွေအဖို့ ဒီဘာသာစကားကြီးကို ဘာကြောင့်အရေးတယူလုပ်သင်နေရသလဲဆိုပြီး မကျေမနပ်ခံစားချက်မျိုး၊ မလိုအပ်ဘူးလို့ထင်ရတဲ့ ခံစားချက်မျိုးတွေလည်း ဖြစ်ကောင်းဖြစ်ခဲ့ကြဖူးပါလိမ့်မယ်။ ယနေ့ခေတ်ချာတိတ်များစကားအရဆိုရင် မြန်မာစာသင်တာဟာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ရင် တော်ရောပေါ့ ဆိုတာမျိုး။ ဒါဆိုရင် သာမန်…

Fact Hub Editorial · May 27, 2023 · 3 min read

ရေအောက်ထဲက အတ္တလန်တစ် ရွှေမြို့တော် ယုံတမ်းပုံပြင်

The Lost City of Atlantis လို့ပြောလိုက်တာနဲ့ ရေအောက်မှာပျောက်ဆုံးနေတဲ့ အတ္တလန်တစ် ရွှေမြို့တော်ကြီးကို လူတော်တော်များများ ပြေးမြင်မိကြမှာပါ။ ဒီပျောက်ဆုံးနေတဲ့ မြို့တော်အကြောင်းကို လူတော်တော်များများသိပြီးနေကြပြီဖြစ်ပေမယ့် သေချာမသိသေးတဲ့ သူတွေနဲ့ စိတ်ဝင်စားကြတဲ့သူတွေအတွက် အတ္တလန်တစ်မြို့တော်ကြီး အကြောင်းကို ပြန်လေ့လာကြည့်လိုက်ရအောင်ပါ။ ကျနော်တို့ရဲ့ ကမ္ဘာပေါ်မှာပျောက်ဆုံးနေတဲ့ မြို့တွေ အများအပြားရှိနေပြီးတော့ အဲ့အထဲကမှ တစ်ချို့ကိုတော့သိပ္ပံပညာရှင်တွေအနေနဲ့ ရှာတွေ့နိုင်ခဲ့ကြပြီဆိုပေမယ့် မရှာတွေ့သေးတဲ့…

Htoo Tay Za · May 21, 2023 · 1 min read

လောင်ကျွမ်းနေတဲ့ နေကို ရေနဲ့ငြှိမ်းသတ်လို့ ရနိုင်လား။ ရေပမာဏ ဘယ်လောက်လိုအပ်မလဲ ?

ကျွန်တော်တို့ အကုန်လုံး ငယ်ငယ်က သိပ္ပံမှာ သင်ရတာအရ နေဆိုတာ လောင်ကျွမ်းနေတဲ့ ဓာတ်ငွေ့လုံးလို့ သိထားကြပါတယ်။ အခုလို နွေခေါင်ခေါင်အချိန်မှာ ရာသီဥတုက အင်မတန်ပူတဲ့အပြင်ကို လျှပ်စစ်မီးပါ မလာတဲ့အခါကျ အဲ့လောက်အထိကို ပူပြင်းနိုင်လွန်းတဲ့ နေလုံးကြီးကို ရေနဲ့ လောင်းပြီး ငြှိမ်းဖို့ ကြံကြံဖန်ဖန်တွေးမိတဲ့ သူတွေရှိမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ လောင်ကျွမ်းနေတဲ့ နေကို ရေနဲ့ငြှိမ်းသတ်လို့ ရနိုင်မလား…

Zwe Thukha Min · Apr 28, 2023 · 3 min read
123

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.