ခံစားချက်များကို ဆင်ဆာဖြတ်ခြင်း
ခံစားချက်တစ်ခုခုအတွက် စကားလုံးမရှိတဲ့ ခံစားချက်ကို သိတယ် မဟုတ်လား . . . ? ဒါက သိမှုဆိုင်ရာလစ်ဟာခြင်း (Hypocognition) ဆိုတာလေ၊ ဆင်ဆာဖြတ်ဖို့နဲ့ ဖိနှိပ်ဖို့အတွက် သုံးကြတာပေါ့။
ခံစားချက်တစ်ခုခုအတွက် စကားလုံးမရှိတဲ့ ခံစားချက်ကို သိတယ် မဟုတ်လား . . . ? ဒါက သိမှုဆိုင်ရာလစ်ဟာခြင်း (Hypocognition) ဆိုတာလေ၊ ဆင်ဆာဖြတ်ဖို့နဲ့ ဖိနှိပ်ဖို့အတွက် သုံးကြတာပေါ့။
အချိန်က သန်းခေါင်ကျော် ၁ ချက်ထိုး။ တိတ်တဆိတ် ညနက်ကြီးထဲ ကိုယ်တစ်ယောက်တည်း အိမ်ထဲ ရှိနေချိန် လှေကားဆီက ခြေသံရှပ်ရှပ်ကြားရတယ်၊ ပိတ်ထားတဲ့ ပြတင်းကနေလဲ အေးစက်စက်လေတပွေ့ လည်ပင်းကို လာဟပ်သွားတယ် ဆိုပါစို့။ အဲအချိန် စင်္ကြံလမ်းမှာ လူယောင်ယောင်အရိပ်တစ်ခုကို စက္ကန့်ဝက်လောက် ဖြတ်ခနဲတွေ့လိုက်ရချိန် ရင်တွေ တဒိန်းဒိန်းခုန်လာပြီး ကြောက်စိတ်ဝင်လာပါတယ် — ဒီလိုအတွေ့အကြုံမျိုး လူတိုင်းဆီ…
ကျွန်တော်တို့ အာရှတစ်ခွင်မှာ ပရလောက၊ ဝိညာဉ်၊ တစ္ဆေ၊ သရဲ၊ နတ်စိမ်း စတာတွေကို ယုံကြည်ကြသလို အဲဒါတွေနဲ့လဲ စီးပွားရှာနေကြတဲ့ သူတွေ ရှိပါတယ်။ အထူးသဖြင့် နတ်ကတော်တွေပေါ့။ သူတို့ဟာ သေပြီးသား နတ်စိမ်းတွေရဲ့ ပဌာန်းဆက်လိုလို၊ အနွယ်တော်လိုလိုပုံစံမျိုးအဖြစ်နဲ့ စီးပွားရှာနေကြတာပါ။ အဲဒီကနေ လူတွေဟာလဲ တဖြည်းဖြည်းနဲ့ ပရလောကအပေါ် ယုံကြည်လာကြပါတယ်။ ပရလောကဆိုတာဟာ သဘာဝလွန်နယ်ပယ်လို့…
အက်တမ် (atom) ဆိုတာကို စာဖတ်သူတို့ ကြားဖူးနားဝ ရှိကြပါတယ်။ ဒြပ်ရှိတဲ့ အရာမှန်သမျှဟာ အက်တမ်တွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။ ထမင်းစေ့၊ ရေသန့်ဘူး၊ စာရွက်စာအုပ်တွေ၊ လက်ကိုင်ဖုန်း၊ လူ့ခန္ဓာကိုယ်နဲ့ အခြားအခြားသော အရာဝတ္ထုများစွာကို ပုံပေါ်လာနိုင်အောင် အခြေခံ တည်ဆောက်ပေးသူတွေကတော့ အက်တမ်တွေပါ။ အက်တမ်ကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် အခြေခံအားဖြင့် ပရိုတွန် (proton)၊…
ကျွန်တော်တို့ လူအများစုဟာ သမိုင်းကို တိကျခိုင်မာတဲ့ အချက်အလက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အတိတ်အကြောင်း အချက်အလက်စုစည်းမှု၊ အစုအဝေးတစ်ခုအဖြစ် မြင်တတ်ကြပါတယ်။ တကယ်တော့ သမိုင်းဆိုတာ ပဟေဠိတစ်ခု ဖြေရှင်းနေသလို ရှာဖွေတွေ့ရှိလာတဲ့ သဲလွန်စအသစ်၊ အချက်အလက်အသစ်တွေကို ဖြည်းဖြည်းချင်း ပေါင်းစုပုံဖော်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ အသစ်အသစ်သော သက်သေအချက်အလက်တွေနဲ့ မတူညီတဲ့ ရှုထောင့်တွေ ထွက်ပေါ်လာတဲ့အခါ ရှုမြင်လက်ခံပုံနဲ့ အတွေးအခေါ်…
ဆိုရှယ်မီဒီယာအသုံးပြုခြင်းက ဆယ်ကျော်သက်အရွယ် လူငယ်တွေဆီမှာ စိုးရိမ်စိတ်လွန်ရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့ ဆက်စပ်နေတယ်လို့ သုတေသနတွေကဆိုပါတယ်။ ကမ္ဘာတစ်ဖက်က သတင်းကို ဒီဘက်ကမ္ဘာခြမ်းကနေပြီး စက္ကန့်မလပ် သိရှိနိုင်လောက်အောင်ကို သတင်းအချက်အလက် လျင်လျင်မြန်မြန်စီးဆင်းနိုင်တဲ့ ဆိုရှယ်မီဒီယာက အသုံးဝင်တဲ့ကဏ္ဍတစ်ခုအနေနဲ့ ထိပ်ကနေ ရပ်တည်နေတာ ကြာပါပြီ။ တစ်ဖက်မှာလည်း ဆိုရှယ်မီဒီယာအလွန်အကျွံသုံးစွဲမှုက စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ထိခိုက်နိုင်တယ်ဆိုပြီး သုတေသနတွေက ဆိုလာပါတယ်။ လေ့လာမှုတစ်ခုအရ…