ပျားတွေဟာ မြွေတွေထက် လူ့အသက်ကိုပိုပြီးအန္တရာယ်ပြုနိုင်ပါတယ် မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်လိုကောင်တွေကို သတိထားဖို့လိုတယ်ဆိုပေမယ့် ပျား ဒါမှမဟုတ် ခွေးတစ်ကောင်ကြောင့်လည်း သင့်အသက်ဆုံးရှုံးနိုင်ပါတယ်။ ၂၀၀၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အတွင်း တိရိစ္ဆာန်တွေကြောင့် သေဆုံးသူ ၁၆၁၀ ဦးရှိခဲ့တဲ့ထဲက (၄၇၈) ဦးဟာ ပျားတွေကြောင့်၊ (၂၇၂) ဦးဟာ ခွေးတွေကြောင့်သေဆုံးခဲ့ရကြောင်း Wilderness &…
သင်သိပါသလား အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ သူတို့ကိုယ်ဝန်ဆောင်ချိန်မှာ ကျုံ့သွားလေ့ရှိကြပြီးတော့ မူလအရွယ်အစားကိုပြန်ရဖို့အတွက် ခြောက်လနီးပါးကြာမြင့်ပါတယ်။
NASA ရဲ့ Super Guppy ဆိုတာကတော့ ကြီးမားတဲ့ကုန်ပစ္စည်းကြီးတွေကို သယ်ယူပို့ဆောင်ဖို့အတွက် အထူးတည်ဆောက်ထားတဲ့ လေယာဉ်တစ်မျိုးပါပဲ။ NASA ဟာ 1961 ခုနှစ်မှာ Aero Spaceline Industries’ Pregnant Guppy ကို ဖန်တီးပြီး လေးနှစ်အကြာ 1965 ခုနှစ်မှာ Super Guppy နဲ့ပတ်သက်တဲ့ အိုင်ဒီယာကို စတင်မိတ်ဆက်ပေးခဲ့တာပါ။…
The Football War လို့သမုတ်ကြတဲ့ အဆိုပါ စစ်ပွဲဟာ၁၉၆၉ ခုနှစ်မှာ El Salvador နဲ့ Honduras တို့ကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲတိုလေးတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံကြားမှာရှိတဲ့တင်းမာမှုတွေဟာ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက ပဋိပက္ခတွေနဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။ အဲ့ဒီ ပဋိပက္ခတွေကို ခေါင်းစဉ်တပ်ပြီး Salvadoran စစ်တပ်ဟာ Honduras ကို ၁၉၅၉ ခုနှစ်၊ ဇူလိုင်…
၁၉၉၄ ခုနှစ်၊ အီတလီ မာယူရို ပရော့စ်ပါရီလို့ အမည်ရတဲ့ မာရသွန်အပြေးသမားတစ်ယောက်ဟာ ဆာဟာရသဲကန္တာရထဲမှာ အပြေးပြိုင်ပွဲတစ်ခုကို ပြိုင်နေရင်း သဲမုန်တိုင်းမိပြီး လမ်းပျောက်ခဲ့ရတာပါ။ အိမ်ပြန်လမ်းကို ရှာဖို့အတွက် ဆယ်ရက်ကျော်ကြာကာလအတွင်း ၁၈၆ မိုင်ရှိတဲ့ ခရီးအကွာအဝေးကို ခြေကျင်လမ်းလျှောက်ခဲ့တဲ့ မာယူရိုဟာ သဲကန္တာရထဲက ပြင်းထန်တဲ့ အပူရှိန်နဲ့ ရေဓာတ်ခမ်းခြောက်တာတွေကြောင့် သူ့ကိုယ်က ထွက်တဲ့ ကျင်ငယ်ရည်နဲ့ လင်းနို့သွေးတွေကို…