July 19, 2026 | မြန်မာ
Archive

Short Facts

အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ဓာတုဗေဒ

စိုက်ပျိုးရေးဆိုတာ ရှေးခေတ်ကတည်းကနေ ယနေ့ခေတ်အထိ လူနေမှုဘဝမှာ များစွာအကျိုးပြုနေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးနယ်ပယ်တွေဟာ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုနေကြပါတယ်။ စိုက်ပျိုးရေးနယ်ပယ်တွေထဲကမှ အော်ဂဲနစ်စိုက်ပျိုးရေးဟာ စိတ်ဝင်စားစရာကောင်းပြီးတော့ နေ့စဥ်လူနေမှုဘဝမှာ အထောက်အပံ့တစ်ခု ဖြစ်နေပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ ကမ္ဘာပေါ်မှာ လက်ရှိထင်ရှားနေဆဲဖြစ်တဲ့ စိုက်ပျိုးရေးလမ်းစဥ်တစ်ခု ဖြစ်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးလို့ ဆိုလိုက်တာနဲ့ လူအတော်အများကတော့ ပိုးသတ်ဆေးမသုံးဘဲ အပင်ကို ရှင်သန်ကြီးထွားအောင်လုပ်တာနဲ့…

Aye Chan Oo · Nov 13, 2023 · 1 min read

တိရစ္ဆာန်တွေက ကမ္ဘာ့သံလိုက်စက်ကွင်းကို အသုံးပြုပြီး သူတို့သွားမဲ့ လမ်းကြောင်းကို ရှာဖွေတတ်ကြပါတယ်။

U.S. Geological Survey (USGS) အရ ရေလိပ်တွေ၊ ဆယ်လ်မွန်တွေလို ရေနေသတ္တဝါတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းကို အာရုံခံနိုင်စွမ်းရှိပြီး သူတို့သွားမဲ့ လမ်းကြောင်းကို ရှာဖွေဖို့အတွက် အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ရေနေသတ္တဝါတွေအပြင် မိုလက်စ်မျိုးပေါင်းစုထဲက သတ္တဝါတွေ၊ အာသရိုပေါ့ထ်တွေ၊ ကျောရိုးရှိသတ္တဝါတချို့၊ ကုန်းနေရေနေ သတ္တဝါတချို့နဲ့ ငှက်တချို့ကလဲ ဒီနည်းစနစ်ကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကို  magnetoreception…

Fact Hub Editorial · Sep 14, 2023 · 1 min read
📰

ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွပါတယ်။

ရုတ်တရက်ဖတ်ကြည့်ရင်တော့ နည်းနည်းထူးဆန်းနိုင်ပေမဲ့ ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွနိုင်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်ဓာတ် တော်တော်များများ ပါဝင်ပါတယ်။ အဲ့ဒီထဲမှာ ပိုတက်စီယမ်ထဲက ရေဒီသတ္တိကြွ အိုင်ဆိုတုပ် ပိုတက်စီယမ်-၄၀ က ပမာဏနည်းနည်းပါဝင်ပါတယ်။ ပိုတက်စီယမ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက တစ်ခုအပါအဝင်ပါ။ သဘာဝအတိုင်း တည်ရှိနေတဲ့ ပိုတက်စီယမ်ဒြပ်စင်တွေထဲက ၀.၀၀၁ ရာခိုင်နှုန်းက…

Fact Hub Editorial · Sep 12, 2023 · 2 min read

Javan Rhinos (သိုမဟုတ်) မကြာခင်မျိုးသုဉ်းနိုင်ခြေရှိသောသတ္တဝါများ

လက်ရှိပစ္စုပ္ပန်အချိန်မှာ မျိုးသုဉ်းနိုင်ခြေအများဆုံးတိရစ္ဆာန်တစ်ကောင်ကို‌ ဖော်ပြပါလို့ဆိုရင် ကျွန်တော်က‌တော့ Javan Rhinos အကြောင်းကိုသာ ပြောပြပါလိမ့်မယ်။ Javan Rhinos ဆိုတာ ဘာလဲ။ Javan Rhinos တွေဟာ ကြံ့မျိုးစိတ်တွေထဲမှာ အရှားပါးဆုံးမျိုးစိတ်ဝင်တွေဖြစ်ပြီး လက်ရှိအချိန်‌‌မှာဆိုရင် အကောင်ရေအနည်းဆုံးနဲ့ မျိုးသုဉ်းနိုင်ခြေအများဆုံးစာရင်းဝင်တိရစ္ဆာန်မျိုးစိတ်လဲ ဖြစ်ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာ ဒီကြံ့တွေကျက်စားခဲ့ပေမဲ့ ယခုအချိန်မှာတော့…

Zay Bhone Hlyan · Aug 8, 2023 · 1 min read
📰

ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးရှိတဲ့ နိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၂ ခုတောင်ရှိတာပါ။

သင်သိပါသလား ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးရှိတဲ့ နိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၂ ခုတောင်ရှိတာပါ။ ပြင်သစ်ရဲ့ မက်ထရိုပိုလစ်တန်ဒေသမှာတော့ အလယ်ဥရောပအချိန်ဇုန်ဖြစ်တဲ့ CET ကိုပဲ အသုံးပြုပေမယ့် ပြင်သစ်ပိုင်တဲ့ အခြားပင်လယ်ရပ်ခြား ပိုင်နက်တွေအားလုံးကို ထည့်တွက်မယ်ဆိုရင်တော့ အချိန်ဇုန် စုစုပေါင်း ၁၂ ခုရှိတာပါ။ ဒီအရေအတွက်က နယ်မြေကြီးတဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်တောင် အများဆုံးဖြစ်နေပါတယ်။  အချိန်ဇုန်တွေနဲ့ ပတ်သက်လို့…

Fact Hub Editorial · Aug 3, 2023 · 1 min read

ဗာတီကန်နိုင်ငံမှာ ဘယ်သူမှ မွေးကတည်းက နိုင်ငံသားဖြစ်ခွင့်မရှိပါဘူး။ ကိုယ့်ရဲ့ စွမ်းရည်တစ်ခုခုနဲ့ အလုပ်ခန့်အပ်ခြင်းခံရမှပဲ နိုင်ငံသားဖြစ်တာပါ။

Holy See ဆိုပြီးတော့ လူသိများကြတဲ့ ဗာတီကန်နိုင်ငံဟာ က အီတလီနိုင်ငံတွင်း ရောမမြို့မှာ တည်ရှိနေတဲ့ လွတ်လပ်တဲ့ မြို့ပြနိုင်ငံတစ်ခုဖြစ်ပါတယ်။ အီတလီဘာသာစကားကို ပြောဆိုကြပြီး ငွေကြေးအနေနဲ့ ယူရို € ကိုသုံးစွဲကြပါတယ်။ ကမ္ဘာပေါ်မှာ ဧရိယာအသေးဆုံးနိုင်ငံ ဖြစ်တဲ့အပြင် လူဦးရေအနည်းဆုံးနိုင်ငံလည်း ဖြစ်ပြန်ပါတယ်။ နိုင်ငံရဲ့ အကျယ်အဝန်းက စုစုပေါင်း ဧရိယာ ၀.၄၄ စတုရန်းကီလိုမီတာ…

Htoo Tay Za · Jul 22, 2023 · 1 min read
📰

ရေကိုအချိန်တိုအတွင်းမှာအလွန်အကျွံသောက်သုံးမိခြင်းဟာ သင့်ကိုအသက်အန္တရာယ်ရှိစေနိုင်ပါတယ်

ရေကို အချိန်တိုအ‌တွင်း အများအပြားသောက်လိုက်မိတဲ့အခါ ကျောက်ကပ်ဟာ ပိုနေတဲ့ရေတွေကို စွန့်မထုတ်နိုင်တော့ပါဘူး။ အဲ့ကျရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ လျှပ်လိုက်ရည် (Electrolytes – ဥပမာ ဆိုဒီယမ်၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်ဓာတ်) တွေက ဟန်ချက်မညီတော့ဘဲနဲ့ ပြဿနာဖြစ်လာစေပါတယ်။ ဒီရေအဆိပ်သင့်တဲ့ဖြစ်စဉ်ဟာ ခန္ဓာကိုယ်အတွင်းက အရည်တွေကို ညီညွတ်မျှတစေတဲ့ဆိုဒီယမ် (Na) ကို ရေအများအပြားသောက်သုံးလိုက်တာကြောင့် မညီမျှမှုတွေဖြစ်ပေါ်လာစေပြီး သွေးတွင်းဖိအား မြင့်တက်တာ၊…

Fact Hub Editorial · Jun 12, 2023 · 1 min read

ပုံထဲမှာ နိုင်ငံတကာအာကာသစခန်းကြီးကို မြင်ကြရဲ့လား။ ?

ပတ်လမ်းအနေအထားနဲ့ ပတ်လမ်းအလျင်အရ ISS ဟာ ကမ္ဘာကို တစ်ရက် ၁၆ ကြိမ် လှည့်ပတ်နေရင်း ကမ္ဘာနဲ့ နေရဲ့အကြားကို ၀.၇ စက္ကန့်က‌နေ ၃ စက္ကန့်အကြား ဖြတ်သန်းသွားလေ့ရှိပါတယ်။ ဒီလိုအရမ်းတိုတောင်းတဲ့ အချိန်ပမာဏအတွင်း နေနဲ့ကမ္ဘာကြားရောက်သွားတဲ့ ISS ကို ဓါတ်ပုံရိုက်ယူရမယ်ဆိုတာ အပျော်တမ်းနက္ခတ်လေ့လာသူတွေအတွက် အတော်ကိုစိန်ခေါ်မှုကြီးပါတယ်။ ဓါတ်ပုံဆရာ အင်ဒရူးမက္ကာသီ (Andrew McCarthy)…

Fact Hub Editorial · May 18, 2023 · 1 min read
📰

လောကနိယာမ ဇရာဆိုတဲ့ အိုမင်းခြင်းကို ဆေးပညာနဲ့ ပြောင်းပြန်လှန်ပစ်ဖို့ကြိုးစားနေတဲ့ လူသား

ထာဝရ အသက်ရှင်ခြင်းဆိုတဲ့အရာကို ပုံပြင်တွေ ဝတ္ထုတွေ နဲ့ ဒဏ္ဍာရီတွေထဲမှာသာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း ဆိုတဲ့ အရာသုံးခုကို ထာဝရရှိဖို့ကြိုးစားနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဘရိုင်ရန် ဂျွန်ဆန် (Bryan Johnson) ပဲဖြစ်ပါတယ်။ ဘရိုင်ရန်က အဆင့်မြင့် ကျွမ်းကျင်နည်းပညာသမား Software entrepreneurs တစ်ယောက်ဖြစ်ပါတယ်။…

Myo Myat · May 8, 2023 · 1 min read
📰

သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်အရ ဆာဟာရသဲကန္တာတစ်ခုလုံးရဲ့ ၁.၂ ရာခိုင်နှုန်းခန့်အကျယ်ကိုသာ ဆိုလာပြား …..

သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်အရ ဆာဟာရသဲကန္တာတစ်ခုလုံးရဲ့ ၁.၂ ရာခိုင်နှုန်းခန့်အကျယ်ကိုသာ ဆိုလာပြားတွေဖုံးထားပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မယ်ဆိုရင် ကမ္ဘာပေါ်က စွမ်းအင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်တဲ့အထိ လုံလောက်မှုရှိနိုင်ပါတယ်။ စုစုပေါင်းကမ္ဘာ့စွမ်းအင်အသုံးပြုမှု (ကျောက်မီးသွေး+ ရေနံ + ရေအားလျှပ်စစ် + နျူကလီးယား + ပြည့်ဖြိုးမြဲစွမ်းအင်) အားလုံးဟာ 13,000 Million Ton Oil Equivalent (13,000 MTOE)…

Fact Hub Editorial · May 7, 2023 · 1 min read
123

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.