May 25, 2026 | မြန်မာ
Archive

Archives: Tangled Tree Chapters

ဒါဝင့်ပုံကြမ်းလေး — ၄

ဒီဆင့်ကဲဖြစ်စဉ်အယူအဆက ပေါ်လာဖို့ သိပ်မကြာတော့သလို အဲဒါရောက်လာချိန်မှာလဲ သက်ရှိသစ်ပင်ရဲ့ အဓိပ္ပါယ်က လုံးလုံးပြောင်းလဲသွားပါလိမ့်မယ်။ ဒီအရွေ့က တကယ်ကို သက်ရောက်မှု ကြီးပြီး အဲဒီခေတ်က လူတွေအတွက် စိတ်နှလုံး တုန်လှုပ်စရာ ဖြစ်ခဲ့တယ် — မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုကို စိန်ခေါ်နေလို့ပါ၊ ဒါကြောင့်လဲ အပြင်းအထန် ကန့်ကွက်တာတွေ ရှိခဲ့တာပေါ့။ ပြင်သစ်က ဂန္ထဝင်ရှေးဦးဆင့်ကဲပညာရှင် ဂျင်း-ဘပ်တစ် လာမာ့ခ်…

Zwe Thukha Min · Mar 9, 2026 · 8 min read

ဒါဝင့်ပုံကြမ်းလေး — ၃

တကယ်တော့ ‘သက်ရှိသစ်ပင်’ ဆိုတဲ့ စကားလုံးကို ဒါဝင် အသစ်ထွင်ခဲ့တာ မဟုတ်သလို ဒါဝင့်ကြောင့်ပဲ အဲဒီအသုံးက တမူထူးသွားတာ မဟုတ်ဘူး၊ သူ့သီအိုရီအတွက် ရည်ရွယ်ချက်အသစ်နဲ့ ပြန်သုံးခဲ့တာပဲ ရှိတာ။ ကျွန်တော်တို့ အတွေးတွေထဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားတဲ့ တခြားတင်စားချက်တွေလိုပဲ ဒီစကားလုံးဟာလဲ အရစ္စတိုတယ် (Aristotle) နဲ့ သမ္မာကျမ်းစာလို နေရာတွေကနေ ပုံစံအမျိုးမျိုးပြောင်းပြီး ပဲ့တင်ထပ်-ဆင်းသက်လာခဲ့တာပါ။…

Zwe Thukha Min · Mar 9, 2026 · 10 min read

ဒါဝင့်ပုံကြမ်းလေး — ၂

အဲဒီစာကြောင်း ရေးပြီးတော့ ဒါဝင်တစ်ယောက် တစ်ခုခုကို သဘောပေါက်သွားသလို ထိုင်ခုံမှာ မှီချရင်း အားပါးတရ သက်ပြင်းရှိုက်မိသွားသလားတော့ ကျွန်တော်တို့လဲ မသိနိုင်ပါဘူး၊ ဒါပေမဲ့ ဒီလို ခံစားချက်မျိုးပဲ ဖြစ်ခဲ့မှာပါ။ သူ့မှာ ခံစားပိုင်ခွင့် ရှိတာကိုး။ နောက်၊ သူ ဆက်ရေးခြစ်ကြည့်တယ်။ သက်ရှိသစ်ပင်က “အခက်အလက်တွေ သဏ္ဌာန်မမှန်ဘဲ ဖြာထွက်နေတာ” လို့ သူ့ရဲ့ မှတ်စု…

Zwe Thukha Min · Mar 9, 2026 · 6 min read

ဒါဝင့်ပုံကြမ်းလေး — ၁

၁၈၃၇ ခုနှစ် ဇူလိုင်လက စပြီး ချားလ်စ်ဒါဝင်ဟာ သူ တွေးမိသမျှထဲက အဆန်းပြားဆုံး အယူအဆတွေကို မှတ်တမ်းတင်ဖို့ ‘ဘီ (B)’ လို့ နာမည်ပေးထားတဲ့ မှတ်စုစာအုပ်လေးတစ်အုပ် စ,ကိုင်ခဲ့တယ်။ သာမန် ကိုယ်ပိုင် မှတ်စုစာအုပ်လိုမျိုး မဟုတ်ဘဲ လျှို့ဝှက်ချက်တွေလို့တောင် ဆိုနိုင်မဲ့ သူ့ရဲ့ ရဲရင့်လွန်းတဲ့ အတွေးအခေါ်တွေကို အဲထဲ ချမှတ်ထားတာ။ မှတ်စုစာအုပ်ကို…

Zwe Thukha Min · Mar 9, 2026 · 8 min read

မိတ်ဆက် — အံ့ဖွယ်သုံးရပ်

ကျွန်တော်တို့ သိရသလောက်တော့ စကြဝဠာထဲက သက်ရှိဖြစ်တည်မှုဟာ ဘယ်လောက်ပဲ တခြားနည်းနဲ့ ပြောင်းလဲစိတ်ကူးယဉ်ကြည့်ပါစေ ကမ္ဘာဂြိုဟ်တစ်ခုတည်းမှာတင် နယ်သတ်ဘောင်ခတ်ခံထားရတဲ့ ခပ်ဆန်းဆန်းကိစ္စပါ။ ခန့်မှန်းချက်တွေနဲ့ ခပ်ပေါ့ပေါ့ သမုတ်ကြတဲ့ ဖြစ်တန်စွမ်းတွေ အများကြီး ရှိပေမဲ့ ဒါတွေကို အားပြုပေးနိုင်တဲ့ သက်သေသက္ကာယ တစ်ခုမှ ရှိမနေပါဘူး။

Zwe Thukha Min · Mar 9, 2026 · 10 min read
12

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.