April 18, 2026 | မြန်မာ
Archive

Explainers

ငလျင်ဘာ​ကြောင့်လှုပ်

  ငလျင် ဘာကြောင့်လှုပ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ရှိကြပါတယ်။ တချို့က ဘာမှမဖြစ်နိုင်ပေမဲ့ တချို့ကတော့ အိုးအိမ်ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ တချို့က ခန့်မှန်းလို့ရနိုင်သလို တချို့ကလဲ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ခန့်မှန်းဖို့ခက်ပြီး အိုးအိမ်ပျက်စီးမှုတွေထိ ဖြစ်စေနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာမှ ကြောက်ဖို့အကောင်းဆုံးကတော့ ငလျင်ပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲ ငလျင်တွေလှုပ်လေ့ရှိပြီး နောက်ဆုံးအနေနဲ့ လှုပ်ခဲ့တာကတော့ ပြီးခဲ့တဲ့နေ့…

Aung Bhone Myint Htoo · Sep 25, 2023 · 3 min read

အပူဒဏ်နဲ့ အအေးဒဏ် ဘယ်ဟာက ပိုပြီး အန္တရာယ်ပေးနိုင်သလဲ။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာစွာ လည်ပတ်နေဖို့အတွက် တည်ငြိမ်ပြီး သင့်တော်တဲ့ ကိုယ်တွင်းအပူချိန်ရှိဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက်‌ ခန္ဓာကိုယ်အပူချိန်ဟာ 36.5 ဒီဂရီဆဲလဲစီးယပ်စ်မှ 37.2 ဒီဂရီဆဲလ်စီးယပ်စ်ကြားရှိဖို့ လိုအပ်ပါတယ်။ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်အပူချိန်ကြောင့် ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် ပိုတက်လာခဲ့ရင် (သို့) ရုတ်ချည်းကျသွားခဲ့ရင် အခန့်မသင့်ပါက အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။ အဲ့တာကြောင့်ပဲ လူတွေဟာ အပူဒဏ် ဒါမှမဟုတ်…

Zay Bhone Hlyan · Sep 23, 2023 · 3 min read

သုည၏ မူလ

သင်္ချာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ လူသားတိုင်းနားလည်တဲ့ ဘာသာစကားတစ်ရပ်ပဲဖြစ်ပါတယ်။ လူသားတိုင်းအနေနဲ့ သင်္ချာကို မကျွမ်းကျင်ကြရင်တောင် သင်္ချာရဲ့ အခြေခံသဘောဖြစ်တဲ့ ရေတွက်ခြင်းတွေကို သိကြမှာပါ။ ရေတွက်ခြင်းရဲ့ အခြေခံကတော့ ကိန်းစနစ်တွေပဲ ဖြစ်ပါတယ်။ ကိန်းစနစ်တွေလို့ ဆိုရာမှာ သုညကနေ ကိုးအထိ ဆယ်လုံးတစ်တွဲ ရေတွက်တဲ့ စနစ်ကို ခေါ်ဆိုတာပါ။ ဒီနေ့ခေတ်အသုံးအများဆုံး ကိန်းစနစ်ကတော့ 10th digit…

Aung Bhone Myint Htoo · Sep 20, 2023 · 3 min read

ဓာတုအကိုင်းအခက် ဘေ့စ်နှင့်အက်စစ်

အက်စစ် (Acid) နဲ့ ဘေ့စ် (Base) ဆိုတာတွေဟာ ဓာတုဗေဒပညာရပ်မှာ အရေးပါတဲ့အပိုင်းတွေဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဓာတုဗေဒနဲ့ထိတွေ့နေရတာကြောင့် အနီးနားပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အဲ့ဒီ အက်စစ်နဲ့ဘေ့စ်တွေကို သတိထားမိပါလိမ့်မယ်။ ကျွန်တော်တို့အမြဲကြားနေကျ အက်စစ်ဆိုတိုင်း အန္တရာယ်ရှိတာမဟုတ်ဘဲ သူနဲ့ပတ်သက်ပြီး တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလဲ ရှိနေပါသေးတယ်။ ဆပ်ပြာတွေ ဘာကြောင့်ခါးသလဲ၊ အသီးအနှံတွေ စိုက်ပျိုးကြတဲ့အခါ ဘာကြောင့် pH ကို…

Aye Chan Oo · Sep 19, 2023 · 7 min read

သွေးကြောတွေ ဘာလို့စိမ်း

  ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းက သွေးတွေက အနီရောင်ရှိပါတယ်၊ ဒါပေမဲ့ သွေးကြောတွေကတော့ အစိမ်းရောင်၊ တချို့ဆို စိမ်းပြာရောင်နဲ့ အပြာရောင် အသီးသီး ရှိကြပါတယ်၊ အဲ့တာက ဘာကြောင့်ပါလဲ။ တချို့က ခန္ဓာကိုယ်ထဲက သွေးတွေက သွေးပြန်ကြောထဲမှာတော့ အစိမ်း/အပြာ ရောင်ဖြစ်ပြီး သွေးလွှတ်ကြောတွေထဲမှာတော့ နီပါတယ်ဆိုပြီး ပြောကြပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ လက်တွေ၊ ခြေထောက်တွေမှာရှိတဲ့…

Zwe Thukha Min · Sep 18, 2023 · 3 min read

အချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို မှန်၊ မမှန် ဘယ်လိုစစ်ဆေးနိုင်မလဲ။

  အချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို မှန်၊ မမှန် ဘယ်လိုစစ်ဆေးနိုင်မလဲ။  How to fact check? ________________ ၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုနှုန်းတွေက အင်မတန် မြန်ဆန်လာပါတယ်၊ ကျွန်တော်တို့အနေနဲ့ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာတစ်ဖက်ခြမ်းက သတင်းတစ်ခုကိုတောင် စက္ကန့်မလပ်သိရှိနိုင်နေတာက လက်ရှိ ဒစ်ဂျစ်တယ်ခေတ်ရဲ့ အင်မတန်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတစ်ခုပါ။ Freely information…

Fact Hub Editorial · Sep 1, 2023 · 10 min read

လေညင်းတွေဟာ ဘယ်ကလာ

ကျွန်တော်တို့ဟာ လေထုအလွှာကြီးအောက်မှာရှင်သန်နေကြတဲ့ သက်ရှိတွေဖြစ်တဲ့အတွက် လေရဲ့အပြုအမူနဲ့ရွေ့လျားမှုတွေကို သက်ရောက်ခံစားနေကြရပါတယ်။ အဲ့လို လေရဲ့ သက်ရောက်မှုတွေထဲက တစ်ခုကတော့ လေတိုက်တာပဲဖြစ်ပါတယ်။ ဒီတော့ လေညင်းဆိုတာဘယ်လိုဖြစ်ပေါ်လာတာလဲ။ ဘာကြောင့်တိုက်ခတ်မှုတွေဖြစ်ပေါ်လာတာလဲ။ လေတိုက်ခတ်မှုဖြစ်ပေါ်အောင် ဘယ်သူတွေက လုပ်ဆောင်ပေးနေတာလဲ ဆိုတဲ့မေးခွန်းတွေကို ဆွေးနွေးကြရအောင်ပါ။ ကမ္ဘာကြီးကို Atmosphere လို့ခေါ်တဲ့ လေထုအလွှာကြီးနဲ့ဖုံးလွှမ်းထားပါတယ်။ Atmosphere ထဲမှာ အောက်စီဂျင် (Oxygen)၊ နိုက်ထရိုဂျင် (Nitrogen)၊…

Aye Chan Oo · Aug 23, 2023 · 4 min read
📰

ဂန္ထဝင်ကလေးစာပေအညွှန်း (၁)

လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။ စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။ ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph Caldecott medal ဆုကို ရခဲ့တော့ ဒီစာအုပ်အတွက် “Where the Wild Things Are စာအုပ်က လူတိုင်းကို ကျေနပ်စေဖို့အတွက် မဟုတ်ဘူး – ကလေးတွေအတွက်ပဲ” လို့ ခနဲ့တဲ့တဲ့ မှတ်ချက်ပြုခံခဲ့ရတာမို့ တွေးဆစရာ ဖြစ်ခဲ့တယ်။ မှတ်ချက်ကတော့ ကလေးတွေအတွက်ပဲ လို့သာ ဆိုခဲ့ပေမဲ့ ဒီစာအုပ်ရဲ့ သက်ရောက်မှုက ကမ္ဘာလုံးအတိုင်းအတာထိ ပြန့်ထွက်ခဲ့တာကို သက်သေထူနေတာတွေ ရှိပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ အော်ပရာပြဇာတ်တွေနဲ့ အခြားစာအုပ်တွေအပေါ်မှာပါ လွှမ်းမိုးမှုတွေ ရှိလာခဲ့တဲ့အထိပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို IBBY ရဲ့ ဥက္ကဌPam Dix က “တစ်ခါတစ်ခါ ဖတ်လိုက်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေကနေ ထုတ်ဖော်ပြသမဲ့၊ အလွှာများစွာပါဝင်နေတဲ့၊ပြီးပြည့်စုံတဲ့ ရုပ်ပြစာအုပ်တစ်အုပ်ပါ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီစာအုပ်ထဲမှာ ဘာတွေ ပါနေမလဲ။ တကယ်တော့ ဒီစာအုပ်မှာ ချစ်စရာ ကြည်နူးစရာတွေအကြောင်း သရုပ်ဖော်ထားတဲ့ပုံတွေ၊ စာတွေ မဟုတ်ဘဲ လူသားတစ်ဦးအဖြစ် နေထိုင်ရတဲ့ သက်တမ်းတစ်လျှောက်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရစဉ်မှာ အဲဒီအရွယ်ရဲ့ ပကတိစိတ်သဘောကို ပကတိအတိုင်း ထင်ထင်လင်းလင်း မြင်မြင်သာသာ ဖွင့်ချပြလိုက်တာပါပဲ။ ဒီအချက်က ဒီစာအုပ်ကို အထူးခြားဆုံးဖြစ်အောင်၊ ဂန္ထဝင်ကလေးစာပေစာရင်းတွေမှာ ထိပ်ဆုံးနေရာတွေကနေ မပါမဖြစ် ရွေးချယ်စေတဲ့ အချက် ဖြစ်နေခဲ့တာပဲပေါ့။  ၁၉၂၈ ခုနှစ်မှာ လူ့လောကထဲ ရောက်လာခဲ့တဲ့ Maurice Sendak ဟာဒီစာအုပ်ထဲ ဖော်ပြမဲ့ ဇာတ်လမ်းအတွက် သူ့ငယ်ဘဝက အဓိကဖြစ်နေခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ခပ်ဆိုးဆိုးလုပ်မိရင် သူ့အမေက သူ့ကို “သတ္တဝါဆိုး (vilde chaya)” လို့ ခေါ်ခဲ့တယ် လို့ Sendak က ဖြေခဲ့ဖူးတယ်။ ဇာတ်လမ်းထဲမှာဇာတ်ဆောင် Max က သူ့အမေက သူ့ကို “သတ္တဝါဆိုး” လို့ ခေါ်လိုက်လို့ “ငါ မင်းကို စားလိုက်မယ်” ဆိုပြီး ပြောလိုက်တယ်၊ ဒါကြောင့် သူ့အမေက သူ့ကို အိပ်ရာမဝင်ခင် ညစာမကျွေးဘဲ အိပ်ခိုင်းခဲ့တာဆိုတဲ့ ဇာတ်ကွက်နဲ့ သွယ်ဝိုက်ပြခဲ့တယ်။ ဇာတ်လမ်းထဲက Max လိုပဲ Maurice…

Htet Phone Shein · Aug 19, 2023 · 5 min read

“သိပ္ပံဘယ်လိုအလုပ်လုပ်သလဲ”

ဒီနိုင်ငံမှာ သိပ္ပံကို အထင်သေးတဲ့ သူအတော်များပါတယ်၊ ဒါက နားမလည်တဲ့သူတွေရဲ့ အပြစ်လို့ ကျွန်တော်က မမြင်ပါဘူး။ ခေတ်အဆက်ဆက် ဖိနှိပ်ခံလာရတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် သိမှုအဆင့်အတန်းနိမ့်ပါးနေကြရတဲ့ အဖြစ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သိပ္ပံကို ကိုးတန်းမတိုင်ခင်အထိ ဘာသာရပ်တစ်ခုအနေနဲ့ အတန်းတိုင်းမှာ လေ့လာရပါတယ်၊ ခန့်မှန်းချေ ငါးတန်းလောက်က စလို့ သိပ္ပံဖတ်စာအုပ်ရဲ့ အဖွင့်အခန်းတိုင်းမှာ…

Zwe Thukha Min · Aug 18, 2023 · 4 min read

ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။

ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။ ဥရောပနိုင်ငံတွေ အင်အားကြီးလာတာနဲ့အမျှ ကိုလိုနီနယ်မြေတွေ အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းအတွက်ဖြစ်စေ၊ စစ်ရေးနည်းဗျူဟာအရပဲဖြစ်စေ နိုင်ငံငယ်တွေကို ကိုလိုနီပြုတာဟာ ပိုင်နက်ကို ကျယ်ပြန့်စေသလို ကောင်းကျိုးအများအပြားရစေပါတယ်။ ကမ္ဘာပေါ်မှာ ကိုလိုနီအပြုမခံခဲ့ရတဲ့ နိုင်ငံတွေ လက်ချိုးရေလို့ရပါတယ်။ ဒီထဲကမှ အရှေ့တောင်အာရှဒေသတွင်းက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယခုထိုင်းနိုင်ငံ (ယခင် Siam နိုင်ငံတော်)…

Khant Nyar Thar · Aug 17, 2023 · 3 min read
15678910

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.